တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
လုကာ 22:47 - Common Language Bible ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်ပင် လူပရိသတ် တစ်စုရောက်လာ၏။ တပည့်တော်တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သူယုဒသည် ထိုသူတို့ကို ခေါင်းဆောင်၍လာ၏။ သူသည်သခင်ယေရှုအား နမ်းရှုပ်ရန်ချဉ်းကပ်၏။- Garrad Bible ထို သို့ မိန့် တော် မူ စဉ် ပင် လူ အ မြောက် အ မြား နှင့် တ ကွ ယု ဒ ခေါ် တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ သည် ဦး တည်၍ ယေ ရှု ကို နမ်း ရှုပ် ရန် ချဉ်း ကပ် ရာ၊ Judson Bible ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှာ ချဉ်းကပ်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် လူအစုအဝေးတို့သည်ရောက်လာကြ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သော ယုဒဆိုသူသည် သူတို့ကိုဦးဆောင်လာ၍ ယေရှုကိုနမ်းရန် ချဉ်းကပ်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့မိန့်တော်မူနေစဉ် လူတစ်စုရောက်လာ၏။ တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သည့် ယုဒသည် ထိုလူစုကို ဦးဆောင်၍ ခေါ်လာ၏။ သူသည် ယေရှုကို အနမ်းဖြင့် နှုတ်ဆက်ရန် ချဉ်းကပ်လေ၏။ မြန်မာ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည် လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှာ ချဉ်းကပ်လေ၏။- |
တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
သခင်ယေရှုက ``ယုဒ၊ သင်သည်နမ်းရှုပ်ခြင်း ဖြင့်လူသားအားရန်သူလက်သို့အပ်မည်လော'' ဟုမေးတော်မူ၏။