ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။
လုကာ 22:19 - Common Language Bible ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။- Garrad Bible မုန့် ကို လည်း ယူ၍ ကျေး ဇူး တော် ကို ချီး မွမ်း ပြီး လျှင် ဖဲ့ တော် မူ လျက် ဤ ကား သင် တို့ အ ဖို့ စွန့် သော ငါ့ ကိုယ် ခ န္ဓာ တည်း။ ငါ့ ကို သ တိ ရ ခြင်း ငှာ ဤ သို့ ပြု ကြ လော့ ဟု မိန့် ဆို၍ တ ပည့် တော် တို့ အား ပေး တော် မူ ၏။ Judson Bible ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးလျှင် မုန့်ကိုဖဲ့၍ သူတို့အားပေးလျက်“ဤမုန့်ကား သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မုန့်ကိုလည်းယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူ၏။ မုန့်ကို ဖဲ့၍ တပည့်တော်တို့အား ပေးတော်မူလျက် “ဤမုန့်သည် သင်တို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မေ့သတိရရန် ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။ မြန်မာ ထိုအခါ မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဖို့အလိုငှာ စွန့်သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့ဖို့ရာ ဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ |
ပြုတော်မူသောအံ့သြဖွယ်အမှုအရာတို့ကို မမေ့လျော့စေရန်စီရင်တော်မူပြီ။ ကိုယ်တော်သည်သနားကြင်နာတော်မူ၍ ကရုဏာတော်နှင့်ပြည့်ဝတော်မူ၏။
အိုယေရုရှလင်မြို့သမီးတို့၊ ငါသည်ကေဒတဲ ကဲ့သို့ မည်သေအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ ကုလားကာကဲ့သို့ တင့်တယ်သေး၏။
ဘုရားသခင်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ထိုအရိုးများနှင့်တူ ကြ၏။ သူတို့ကငါတို့သည်သွေ့ခြောက်လျက် သေ၍နေလေပြီ။ အနာဂတ်အတွက်မျှော် လင့်စရာမရှိတော့ဟုဆိုကြ၏။-
အရှင်ထာဝရဘုရားက``ယေရုရှလင် မြို့ကိုကြည့်လော့။ ငါသည်ထိုမြို့ကိုနိုင်ငံ အပေါင်းခြံရံစေကာကမ္ဘာ၏အလယ် ဗဟိုတွင်ထားရှိ၏။-
ကိုယ်တော်သည်အရှင့်အားလူတို့နေထိုင် ရာကမ္ဘာမြေပြင်ရှိသမျှကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်ငှက်အပေါင်းတို့ကိုလည်းကောင်း အစိုးရစေတော်မူပါ၏။ အရှင်မင်းကြီး သည်ရုပ်တုကြီး၏ရွှေဦးခေါင်းဖြစ်တော် မူပါ၏။-
ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
မုန့်ခုနစ်လုံးနှင့်ငါးကိုယူ၍ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းတော်မူ၏။ ထိုနောက်မုန့် နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော် မူ၏။ တပည့်တော်တို့သည်လည်းလူပရိသတ် တို့အားတစ်ဆင့်ပေးဝေကြ၏။-
ထိုနောက်ကိုယ်တော်သည်စပျစ်ရည်ခွက်ကိုယူ ၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူပြီးလျှင် ``ဤစပျစ်ရည်ခွက်ကိုယူ ကြလော့။ အချင်းချင်းဝေ၍သောက်ကြလော့။-
ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
စားပွဲတွင်သူတို့နှင့်အတူထိုင်တော်မူလျက် မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းတော် မူ၏။ ထိုနောက်မုန့်ကိုဖဲ့၍သူတို့အားပေး တော်မူ၏။-
သို့သော်လည်းတိဗေရိမြို့မှလာသောလှေများ သည်သခင်ဘုရားကျေးဇူးတော်ကိုချီးမွမ်း၍ လူပရိသတ်အားမုန့်ကိုကျွေးမွေးတော်မူခဲ့ သည့်အရပ်အနီးသို့ဆိုက်ရောက်လာကြ၏။-
ငါသည်ကောင်းကင်ဘုံမှဆင်းသက်သည့်အသက် အာဟာရဖြစ်၏။ ထိုအစာအာဟာရကိုမှီဝဲသူ သည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ငါပေး မည့်အစာအာဟာရသည် ကမ္ဘာသူကမ္ဘာသားတို့ အသက်ရှင်နိုင်ကြစေရန်ပေးသောငါ၏အသား ပေတည်း'' ဟုမိန့်တော်မူ၏။
ငါတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ ပွဲတော်ခွက်ဖလားမှစပျစ်ရည်ကို သောက်ကြသောအခါ ခရစ်တော်၏သွေးတော်ကို ဆက်ဆံသုံးဆောင်ကြသည်မဟုတ်လော။ မုန့်ကို စားသောအခါ၌လည်း ခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုဆက်ဆံသုံးဆောင်ကြသည်မဟုတ် လော။-
ဋ္ဌမ္မရေစာတစ်မျိုးတည်းကိုသောက်ကြရ၏။ သူ တို့အားလုံးပင်မိမိတို့နှင့်လိုက်ပါလာသော ဋ္ဌမ္မကျောက်မှရေကိုသောက်သုံးကြရ၏။ ထို ကျောက်ကားခရစ်တော်ပင်ဖြစ်သတည်း။-
ငါတို့အဖဘုရားသခင်၏အလိုတော်နှင့်အညီ ခရစ်တော်သည်ငါတို့အား ဤဆိုးယုတ်သော ပစ္စုပ္ပန်ခေတ်မှကယ်တင်နိုင်ရန် ငါတို့၏အပြစ် များအတွက်မိမိကိုယ်ကိုစွန့်တော်မူ၏။-
ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။-
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-