တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
လုကာ 20:14 - Common Language Bible သို့ရာတွင်ဥယျာဉ်ရှင်၏သားရောက်လာသော အခါခြံသမားတို့က `ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ ငါတို့ဥယျာဉ် ကိုအမွေခံရအောင်သူ့အားသတ်ကြကုန် အံ့' ဟုအချင်းချင်းဆွေးနွေးပြောဆိုလျက်။- Garrad Bible သို့ ရာ တွင် ထို သား ကို ဥယျာဉ် သ မား တို့ မြင် ကြ သော် ဤ သူ ကား အ မွေ ခံ ဖြစ် သည်။ အ မွေ ကို ပိုင် ရ ခြင်း ငှာ သတ် ကြ ကုန် အံ့ ဟု အ ချင်း ချင်း ဆွေး နွေး တိုင် ပင် လျက် ဥ ယျာဉ် ပြင် သို့ ထုတ်၍ သတ် ကြ၏။ Judson Bible ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ခြံသမားတို့သည် သူ့သားကိုမြင်လျှင် ‘ဤသူသည်အမွေခံဖြစ်၏။ အမွေသည် ငါတို့ဥစ္စာဖြစ်လာရန် သူ့ကိုသတ်ကြစို့’ဟု အချင်းချင်းဆွေးနွေးပြောဆိုကြပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် စပျစ်ခြံလုပ်သားများက စပျစ်ခြံပိုင်ရှင်၏သားကို မြင်သောအခါ ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ။ သူ့ကိုသတ်၍ သူ၏အမွေကို ရယူကြစို့’ ဟု အချင်းချင်းတိုင်ပင်ကြ၏။ မြန်မာ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ ထိုသို့သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်ပြီးမှ၊- |
တောင်းလော့။ လူမျိုးတကာတို့ကိုသင့်အား ငါပေးမည်။ ကမ္ဘာမြေပြင်တစ်ခုလုံးကိုသင်ပိုင်ဆိုင်ရ လိမ့်မည်။
တပည့်တော်တို့သည်မိမိတို့၌စားစရာမပါ လာသည့်အတွက်ဤသို့ကိုယ်တော်မိန့်တော်မူခြင်း ဖြစ်သည်ဟုအချင်းချင်းပြောဆိုလျက်နေကြ၏။
ယောဟန်ဗတ္တိဇံမင်္ဂလာပေးသည်မှာဘုရားသခင်၏ အခွင့်အာဏာနှင့်ပေးသလော။ လူတို့၏အခွင့် အာဏာနှင့်ပေးသလော'' ဟုမေးတော်မူ၏။ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာနှင့်ပေးသည်ဟုငါတို့ဆိုလျှင်ယောဟန် ကိုသင်တို့အဘယ်ကြောင့်မယုံကြည်ကြ သနည်းဟုမေးလိမ့်မည်။-
စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
ကိုယ်တော်သည်နေ့စဉ်နေ့တိုင်းဗိမာန်တော်၌ ဟောပြောသွန်သင်တော်မူ၏။ ယဇ်ပုရောဟိတ် ကြီးများကျမ်းတတ်ဆရာများနှင့်ယုဒ အမျိုးသားခေါင်းဆောင်များသည် ကိုယ်တော် ကိုသတ်ရန်အခွင့်ရှာလျက်နေကြ၏။-
ဥယျာဉ်ရှင်သည် `ငါအဘယ်သို့ပြုရအံ့နည်း။ ငါ၏တစ်ဦးတည်းသောသားကိုစေလွှတ်မည်။ သူ့ကိုတွေ့လျှင်ခြံသမားတို့လေးစားကြ ရာ၏' ဟုဆို၏။-
ဥယျာဉ်ရှင်၏သားကိုအပြင်သို့ထုတ်ပြီး လျှင်သတ်ပစ်ကြ၏။ ထိုအခါဥယျာဉ်ရှင်သည်ခြံသမားများ အားအဘယ်သို့ပြုလိမ့်မည်နည်း။-
ကျမ်းတတ်ဆရာနှင့်ယဇ်ပုရောဟိတ်ကြီးများ သည် မိမိတို့ကိုရည်စူး၍ဤပုံဥပမာကို မိန့်တော်မူကြောင်းသိကြသဖြင့် ချက်ချင်း ပင်ကိုယ်တော်ကိုဖမ်းဆီးရန်ကြံစည်ကြ၏။ သို့ရာတွင်လူတို့ကိုကြောက်ကြ၏။-
သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟုငါတို့ဆိုလျှင်`ယောဟန်ကို သင်တို့အဘယ်ကြောင့်မယုံကြည်ကြသနည်း' ဟုမေးလိမ့်မည်။-
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။
ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဖြစ်သဖြင့်ကိုယ်တော်၏လူစုတော်အတွက် ကိုယ်တော်လျာထားတော်မူသောကောင်းချီး မင်္ဂလာများကိုခံစားရကြမည်။ ခရစ်တော် အတွက်ဘုရားသခင်လျာထားတော်မူ သည့်ဂုဏ်အသရေကိုလည်းခံစားရကြ မည်။ အဘယ်ကြောင့်ဆိုသော်ငါတို့သည် ခရစ်တော်နှင့်အတူဝေဒနာခံစားကြ လျှင် ကိုယ်တော်နှင့်အတူဘုန်းအသရေ တော်ခံစားရကြမည်ဖြစ်သောကြောင့် တည်း။
သို့ရာတွင်ဤနောက်ဆုံးသောကာလ၌ သားတော်အားဖြင့်ငါတို့အားဗျာဒိတ် ပေးတော်မူသည်။ သားတော်အားဖြင့်စကြ ဝဠာကိုဖန်ဆင်းတော်မူ၍ နောက်ဆုံး၌ အလုံးစုံကိုပိုင်သစေရန်သားတော်ကို ခန့်ထားတော်မူသည်။-