ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
လုကာ 18:20 - Common Language Bible သင်သည်ပညတ်တော်တို့ကိုသိသည်မဟုတ် လော။ `သူ့အိမ်ရာကိုမပြစ်မှားနှင့်။ လူ့အသက် ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သော သက်သေကိုမခံနှင့်။ မိဘကိုရိုသေသမှုပြု လော့'' ဟုမိန့်တော်မူ၏။ Garrad Bible သူ့ သား အိမ် ရာ ကို မ ပြစ် မှား နှင့်၊ သူ့ အ သက် ကို မ သတ် နှင့်၊ သူ့ ဥ စ္စာ ကို မ ခိုး နှင့်၊ မု သာ သက် သေ မ ခံ နှင့်၊ မိ ဘ ကို ရို သေ သ မှု ပြု လော့ ဟူ သော ပ ညတ် တော် များ ကို သင် သိ ပြီ ဟု မိန့် တော် မူ သည့် ကာ လ၊ Judson Bible သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ လူမသတ်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။ သင်၏မိခင်နှင့်ဖခင်တို့ကို ရိုသေလော့’ဟူသောပညတ်တော်တို့ကို သင်သိသည်မဟုတ်လော”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်။ လူ့အသက် မသတ်နှင့်။ မခိုးယူနှင့်။ မမှန်သောသက်သေကို မထွက်ဆိုနှင့်။ မိဘကို ရိုသေလော့’ ဟူသော ပညတ်တော်ကို သင်သိသည်မဟုတ်လော” ဟု မိန့်တော်မူ၏။ မြန်မာ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊- |
ထိုအခါသင်တို့က``ထာဝရဘုရား၏ သွန်သင်တော်မူချက်ကိုနားထောင်ကြ။ သူ တို့ပြောဆိုသောစကားများသည်သင်တို့ အတွက်အကျိုးမရှိ'' ဟုပြန်ပြောကြ လော့။
သခင်ယေရှုက ``သင်သည်အဘယ်ကြောင့်ငါ့ ကိုကောင်းမြတ်သည်ဟုခေါ်သနည်း။ ဘုရား သခင်မှတစ်ပါးကောင်းမြတ်သူတစ်စုံတစ် ယောက်မျှမရှိ။-
ထိုသူက ``ဤပညတ်များကိုအကျွန်ုပ်သည် ငယ်စဉ်မှစ၍စောင့်ထိန်းခဲ့ပါပြီ'' ဟုလျှောက် ၏။
အဘယ်ကြောင့်ဆိုသော် ``အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့'' ဟူသောပညတ်သည် ``သူ့ အိမ်ရာကိုမပြစ်မှားနှင့်၊ လူ့အသက်ကိုမ သတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ သူ့ဥစ္စာကိုတပ် မက်လိုချင်သောစိတ်မရှိနှင့်'' ဟူသောပညတ် များနှင့်အခြားပညတ်ရှိသမျှ၏အချုပ် ဖြစ်သောကြောင့်တည်း။-
ပညတ်တရား၏ပြဋ္ဌာန်းချက်များကိုစောင့် ထိန်းခြင်းအားဖြင့် အဘယ်သူမျှဘုရားသခင် နှင့်မှန်ကန်စွာမဆက်ဆံနိုင်။ ပညတ်တရား ၏ဆောင်ရွက်ချက်မှာလူတို့သည် မိမိတို့ အပြစ်ကူးလွန်သူများဖြစ်ကြောင်းကို သိရှိလာစေရန်ပင်ဖြစ်၏။
ကျမ်းစာတော်က``သင်၏မိဘကိုရိုသေသမှုပြု လော့။ သို့ပြုလျှင်သင်သည်ကောင်းစားလျက်မြေကြီး ပေါ်တွင်အသက်ရှည်လိမ့်မည်'' ဟုဖော်ပြသည်။ ဤ ကားကတိတော်ပါရှိသည့်ပထမပညတ်ဖြစ်၏။
သားသမီးဖြစ်သူတို့၊ မိဘစကားကိုအစဉ် နားထောင်ကြလော့။ ဤအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှု၊ ပြုကျင့်အပ်သော အမှုဖြစ်၏။-