``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
လုကာ 16:10 - Common Language Bible အမှုငယ်တွင်သစ္စာရှိသူသည်အမှုကြီးတွင် လည်းသစ္စာရှိလိမ့်မည်။ အမှုငယ်တွင်မရိုး ဖြောင့်သူသည်အမှုကြီးတွင်လည်းရိုးဖြောင့် လိမ့်မည်မဟုတ်။- Garrad Bible နည်း ပါး ရာ၌ သ စ္စာ ရှိ သူ သည် များ ပြား ရာ၌ သ စ္စာ ရှိ တတ်၏။ နည်း ပါး ရာ၌ မ ဖြောင့် မတ် သူ သည် များ ပြား ရာ၌ မ ဖြောင့် မတ် တတ်။ Judson Bible အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- မြန်မာ့စံမီသမ္မာကျမ်း သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သေးငယ်သောအမှုကိစ္စများ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စများ၌ သစ္စာရှိလိမ့်မည်။ သို့သော် သေးငယ်သောအမှုကိစ္စများ၌ မရိုးသားသောသူသည် ကြီးမားသောအမှုများ၌လည်း ရိုးသားလိမ့်မည်မဟုတ်ပေ။ မြန်မာ အနည်းငယ်သော အမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌ သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာမရှိ။- |
``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
သခင်က`ကောင်းလေစွ။ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီးသောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့်အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
မင်းကြီးက `ကောင်းလေစွ၊ သင်သည်အစေခံ ကောင်းတစ်ယောက်ဖြစ်ပေ၏။ သေးငယ်သောအမှု တွင်သစ္စာရှိသူဖြစ်သဖြင့် သင့်အားငါသည်မြို့ ကြီးဆယ်မြို့ကိုအပိုင်စားပေး၏' ဟုမိန့်တော် မူ၏။-
ဤသို့ပြောဆိုရာ၌သူသည်ဆင်းရဲသူတို့ အားကြင်နာထောက်ထား၍မဟုတ်၊ ခိုးဝှက် တတ်သူဖြစ်၍သာလျှင်ပြောဆိုခြင်းဖြစ်၏။ သူသည်ငွေအိတ်ကိုလွယ်ရသူဖြစ်၍ငွေများ ကိုခိုးယူသုံးစွဲလေ့ရှိသတည်း။
သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။-