ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
လုကာ 11:24 - Common Language Bible ``ညစ်ညမ်းသောနတ်သည်လူထဲကထွက်သည့် အခါခြောက်သွေ့ရာအရပ်သို့လှည့်လည်၍ နားစရာနေရာကိုရှာတတ်၏။ ရှာမတွေ့ လျှင် `ငါယခင်နေခဲ့သည့်နေရာသို့ပင် ပြန်ပါအံ့' ဟုဆို၏။- Garrad Bible နတ် ဆိုး တစ် ကောင် သည် လူ ထဲ မှ ထွက် ခွာ ပြီး လျှင် ရေ မ ရှိ သော အ ရပ် များ ကို လျှောက် လျက် နား နေ ရာ ရှာ၍ မ တွေ့ သော် ထွက် လာ ရင်း ငါ့ အိမ် သို့ ပြန် မည် ဟု ဆို လျက်၊ Judson Bible ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌ လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊- မြန်မာ့စံမီသမ္မာကျမ်း ညစ်ညူးသောနတ်သည် လူ့အထဲမှထွက်သွားသောအခါ ခြောက်သွေ့သောအရပ်ဒေသများသို့လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့် ‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း နတ်ဆိုးသည် လူတစ်ဦးအထဲမှ ထွက်ပြီးလျှင် ရေမရှိခြောက်သွေ့ရာအရပ်သို့ လှည့်လည်သွားလာသောအခါ ခိုနားစရာနေရာရှာ၍ မတွေ့သဖြင့် ‘ငါသည် ယခင်နေခဲ့သောလူထံသို့ ပြန်နေမည်’ ဟု ပြောလေ၏။ မြန်မာ ညစ်ညူးသောနတ်သည် လူထဲကထွက်လျှင်၊ ခြောက်ကပ်သောအရပ်တို့၌ လည်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင်၊ ငါသည်ထွက်ခဲ့သော နေမြဲအိမ်သို့ပြန်ရဦးမည်ဟု ဆို၍၊- |
ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။
ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲကလာပါသည်ဟု ပြန်လျှောက်လေ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
သူတို့သည်သူတပါး၌ အပြစ်မပြုရလျှင် မအိပ် တတ်။ တစုံတယောက်သော သူကိုမလဲစေလျှင် အိပ်၍ မပျော်တတ်။
ခြစ်ခြစ်တောက်ပူလောင်လျက်ရှိသည့်သဲများသည် ရေအိုင်ဖြစ်၍၊ ခြောက်သွေ့သောမြေသည်လည်းစမ်းရေတွင်းများ ပြည့်နှက်၍နေလိမ့်မည်။ ခွေးအများကျက်စားလေ့ရှိသည့်အရပ်တွင် ကိုင်းပင်ကူပင်များပေါက်လာလိမ့်မည်။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။
အထံတော်သို့လူပရိသတ်များပြေးလာကြ သည်ကိုကိုယ်တော်မြင်တော်မူလျှင် ``ဆွံ့အနားပင်း သောနတ်၊ သူငယ်ထံမှထွက်လော့။ အဘယ်အခါမျှ ပြန်၍မပူးမဝင်နှင့်၊ ငါအမိန့်ရှိသည်'' ဟုညစ် ညမ်းသောနတ်အားမိန့်တော်မူ၏။-
သို့ဖြစ်၍သူသည်ထိုနေရာသို့ပြန်သွား သောအခါ သပ်ရပ်စွာလှဲကျင်းထားသည် ကိုတွေ့သော်၊-
လောက၏အပြစ်လမ်းစဉ်အတိုင်းလိုက်လျှောက် ခဲ့ကြ၏။ အာကာသရှိဝိညာဉ်တန်ခိုးများကို အုပ်စိုးသောမင်းကိုနာခံသူများဖြစ်ခဲ့ကြ၏။ ဘုရားသခင်၏အမိန့်တော်ကိုမနာခံသူ တို့သည် ယခုအခါ၌ထိုသူ၏စိုးမိုးအုပ် ချုပ်ခြင်းကိုခံလျက်နေကြရ၏။-
နိုးနိုးကြားကြားရှိကြလော့။ သတိနှင့်စောင့် နေကြလော့။ သင်တို့၏ရန်သူမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။-