``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
ရှင်ယောဟန် 8:50 - Common Language Bible ငါသည်မိမိဘုန်းအသရေကိုမရှာ။ ငါ့ ဘုန်းအသရေကိုရှာ၍ငါ့ဘက်မှစစ်ကြော စီရင်တော်မူသောအရှင်တစ်ပါးရှိ၏။- Garrad Bible သို့ရာတွင်ငါသည် ကိုယ့်ဂုဏ်ကိုရှာသည်မဟုတ်။ ငါ့ဂုဏ်ကိုရှာ၍ဆုံးဖြတ်သောအရှင်တစ်ပါးရှိ၏။ Judson Bible ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ငါသည် ကိုယ့်ဘုန်းအသရေကိုရှာသည်မဟုတ်။ ငါ၏ဘုန်းအသရေကိုရှာ၍ တရားစီရင်တော်မူသောအရှင်တစ်ပါးရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ကိုယ့်ဘုန်းအသရေကို မရှာ။ သို့သော်လည်း ဘုရားသခင်သည် ငါ့အတွက် ဘုန်းအသရေကိုရှာတော်မူ၏။ ဘုရားသခင်သည် စစ်မှန်သောတရားစီရင်သူဖြစ်တော်မူ၏။ မြန်မာ ငါသည် ကိုယ်ဘုန်းအသရေကိုမရှာ။ ငါ၏ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။- |
``လူတို့ချီးမွမ်းဂုဏ်ပြုခြင်းကိုငါမခံလို။ သို့ရာတွင်သင်တို့အကြောင်းကိုငါသိ၏။ သင်တို့စိတ်နှလုံးတွင်ဘုရားသခင်ကို ချစ်ခြင်းမရှိကြ။-
သို့သော်ငါသည်သင်တို့အားခမည်းတော်၏ ရှေ့တော်၌ အပြစ်တင်စွပ်စွဲလိမ့်မည်ဟုမထင် ကြနှင့်။ သင်တို့အားအပြစ်တင်မည့်သူကား သင်တို့ကိုးစားသောမောရှေပင်ဖြစ်၏။-
မိမိကိုယ်ပိုင်တရားစကားကိုဟောပြောသွန် သင်သူသည် မိမိကိုယ်ပိုင်ဘုန်းအသရေကို ရှာလိမ့်မည်။ သို့သော်မိမိအားစေလွှတ်တော် မူသောအရှင်၏ဘုန်းအသရေကိုရှာသော သူမူကား ရိုးသားဖြောင့်မှန်စွာဟောပြော တတ်၏။ သူ့မှာမုသားမရှိ။-
သခင်ယေရှုက ``ငါသည်မိမိကိုယ်ကိုချီး မြှောက်ပါမူငါ၏ဘုန်းအသရေသည်အချည်း နှီးပင်ဖြစ်၏။ ငါ့ကိုချီးမြှောက်သူကားငါ၏ ခမည်းတော်တည်း။ ထိုအရှင်ကိုသင်တို့၏ ဘုရားသခင်ဟုဆိုကြ၏။-