ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
ရှင်ယောဟန် 7:23 - Common Language Bible ဤသို့လျှင်မောရှေ၏ပညတ်တရားမချိုး ဖောက်ရန် သင်တို့သည်ဥပုသ်နေ့တွင်အရေဖျား လှီးမင်္ဂလာပေးလျှင် ငါသည်ဥပုသ်နေ့၌လူ တစ်ဦးတစ်ယောက်အားပကတိကျန်းမာ လာစေသောအခါ၌မူ အဘယ်ကြောင့်ငါ့ အားအမျက်ထွက်ကြသနည်း။- Garrad Bible ထိုသို့ မောရှေ၏ပညတ်တရားမပျက်စေရန် လူသည်ဥပုသ်နေ့တွင် လှီးဖြတ်ခြင်းမင်္ဂလာခံရလျှင်၊ ဥပုသ်နေ့တွင် လူတစ်ကိုယ်လုံးကိုငါသန်စွမ်းစေသောကြောင့် သင်တို့စိတ်ဆိုးအပ်သလော။ Judson Bible မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။- မြန်မာ့စံမီသမ္မာကျမ်း လူသည် မောရှေ၏ပညတ်တရားကိုမချိုးဖောက်ရန် ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းကိုခံသည်ဆိုလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို အကောင်းပကတိဖြစ်စေသည့်အတွက် ငါ့ကိုစိတ်ဆိုးရသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတစ်ဦးသည် ဥပုသ်နေ့တွင် အရေပြားလှီးခြင်းမင်္ဂလာကိုခံရန် အချိန်ကျသော် သင်တို့သည် မောရှေ၏ ပညတ်ကျမ်းကို မချိုးဖောက်လိုသဖြင့် ထိုသူအား အရေပြားလှီးခြင်းမင်္ဂလာကို ပေးကြ၏။ သို့ဖြစ်လျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ဦးကို ကျန်းမာစေသည့်အတွက် သင်တို့သည် အဘယ်ကြောင့် ငါ့ကို အမျက်ထွက်ကြသနည်း။ မြန်မာ မောရှေ၏တရားမပျက်စေခြင်းငှာ လူသည်ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကိုခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို ကျန်းမာစေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက်ထွက်ရာသလော။- |
ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
တရားဇရပ်ထဲတွင်လက်တစ်ဖက်သေသူလူ တစ်ယောက်ရှိ၏။ လူအချို့တို့သည်ကိုယ်တော်ကို ပြစ်တင်စွပ်စွဲလို၍ ``ဥပုသ်နေ့၌အနာရောဂါ ပျောက်ကင်းစေအပ်ပါသလော'' ဟုမေးလျှောက် ကြ၏။
ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။
ထိုမှတစ်ပါးဗိမာန်တော်တွင်ယဇ်ပုရောဟိတ် တို့သည် ဥပုသ်နေ့ဆိုင်ရာပညတ်ကိုချိုးဖောက် သော်လည်းအပြစ်မသင့်ကြောင်း မောရှေ၏ ပညတ်ကျမ်းတွင်မဖတ်ဖူးကြပါသလော။-
သို့ဖြစ်၍ယုဒအာဏာပိုင်တို့သည်ကျန်းမာ လာသူအား ``ယနေ့သည်ဥပုသ်နေ့ဖြစ်၍သင့် အိပ်ရာကိုမယူဆောင်အပ်'' ဟုဆို၏။
သခင်ယေရှုက ``ဥပုသ်နေ့၌အံ့သြဖွယ်အမှု တစ်ခုကိုငါပြုသောအခါ သင်တို့အားလုံး ပင်အံ့အားသင့်သွားကြ၏။-
အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။