ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။
ရှင်ယောဟန် 5:6 - Common Language Bible ထိုသူလဲလျောင်းနေသည်ကိုသခင်ယေရှု မြင်တော်မူလျှင် ကာလကြာမြင့်စွာဤသို့ လဲလျောင်းနေခဲ့သည့်အဖြစ်ကိုသိတော်မူ၏။ ထို့ကြောင့်ကိုယ်တော်က ``သင်သည်ကျန်းမာ လိုပါသလော'' ဟုမေးတော်မူ၏။ Garrad Bible ထိုသို့ပက်လက်နေသည်ကို ယေရှုမြင်တော်မူ၍ ကာလရှည်ကြာစွာနာကြောင်းသိသဖြင့် ကျန်းမာလိုသလောဟု မေ:တော်မူသော်၊ Judson Bible ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူလဲလျောင်းနေသည်ကို ယေရှုမြင်တော်မူ၍ ကာလကြာမြင့်စွာခံစားနေရသောအဖြစ်ကိုသိသဖြင့်“သင်သည် အကောင်းပကတိဖြစ်လိုသလော”ဟု မေးတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူ လဲလျောင်းနေသည်ကို မြင်၍ နာမကျန်းဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်းကို သိတော်မူလျှင် “သင်ကျန်းမာလိုသလော” ဟု မေးတော်မူ၏။ မြန်မာ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော်မူ၏။- |
ငါသည်လက်လျှော့စိတ်ပျက်သောအခါ၌ ငါသွားရာလမ်းကိုကိုယ်တော်သိတော်မူပါ၏။ ငါလျှောက်ရာလမ်းတွင်ရန်သူတို့သည်ငါ၏ အတွက် ထောင်ချောက်ကိုထောင်ထားကြ၏။
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။-
ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။
ကိုယ်တော်က ``သင့်အတွက်အဘယ်အရာကို ပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်၊ အကျွန်ုပ်အားမျက်စိ မြင်စေတော်မူပါ'' ဟုလျှောက်၏။
တတိယအကြိမ်ကိုယ်တော်က ``ယောဟန်၏သား ရှိမုန်၊ သင်သည်ငါ့ကိုချစ်သလော'' ဟုမေးတော် မူ၏။ ဤသို့တတိယအကြိမ်မေးတော်မူသဖြင့် ပေတရုသည်ဝမ်းနည်း၍ ``သခင်၊ ကိုယ်တော်သည် အရာခပ်သိမ်းတို့ကိုသိတော်မူ၏။ ကိုယ်တော် အားအကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိတော် မူပါ၏'' ဟုလျှောက်၏။ သခင်ယေရှုက ``ငါ့သိုးတို့ကိုထိန်းလော့။-
ထိုနေရာတွင်သုံးဆယ့်ရှစ်နှစ်ပတ်လုံးမကျန်း မမာဖြစ်နေသူလူတစ်ယောက်ရှိ၏။-
ထိုသူက ``အရှင်၊ ရေလှုပ်ရှားလာသောအခါ အကျွန်ုပ်ကိုရေကန်ထဲသို့ချပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဆင်းမည်ပြု နေစဉ် အခြားသူတစ်ယောက်သည်ဦးစွာရေ ကန်ထဲသို့ရောက်ရှိသွားတတ်ပါ၏'' ဟု လျှောက်၏။
ဘုရားသခင်၏မျက်မှောက်၌မထင်ရှားသော အရာဟူ၍တစ်စုံတစ်ရာမျှမရှိ။ ဖန်ဆင်း တော်မူသောအရာခပ်သိမ်းသည်မျက်မှောက် တော်၌ထင်ရှားလျက်ရှိ၏။ ငါတို့အားလုံး သည်မိမိတို့ပြုသမျှအတွက် ကိုယ်တော်၏ စစ်ကြောစီရင်ခြင်းကိုခံကြရလိမ့်မည်။
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-