``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။-
ရှင်ယောဟန် 5:1 - Common Language Bible ထိုနောက်ယုဒအမျိုးသားတို့၏ဘာသာရေး ပွဲတော်ရှိသဖြင့် သခင်ယေရှုသည်ယေရု ရှလင်မြို့သို့ကြွတော်မူ၏။- Garrad Bible ထိုနောက် ယုဒလူမျိုးတို့ပွဲကျသဖြင့် ယေရှုသည်ယေရုရှလင်မြို့သို့ ကြွတော်မူ၏။ Judson Bible ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဂျူးလူမျိုးတို့၏ပွဲတော်ရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့တက်သွားတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဂျူးလူမျိုးတို့၏ ပွဲတော်တစ်ခုရှိသဖြင့် ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။ မြန်မာ ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။- |
``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။-
သခင်ယေရှုက ``ဘုရားသခင်ပြဋ္ဌာန်းတော်မူ သမျှသောအမှုတို့ကိုလိုက်နာဆောင်ရွက်သင့် သည်ဖြစ်၍ ယခုငါ့အားဗတ္တိဇံမင်္ဂလာပေးပါ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါယောဟန်သည် သဘောတူလေ၏။
ယုဒအမျိုးသားတို့၏ပသခါပွဲနီးကပ်လာ သောအခါ သခင်ယေရှုသည်ယေရုရှလင်မြို့ သို့ကြွတော်မူ၏။-
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် အဗိဗဟုခေါ်သောလတွင်ညဥ့်အခါ သင်တို့အားအီဂျစ်ပြည်မှကယ်တင်ခဲ့သော ကြောင့် ထိုလတွင်ထာဝရဘုရား၏ဂုဏ်တော် ကိုချီးမွမ်းရန်ပသခါပွဲတော်ကိုကျင်းပ လော့။-
``သင်တို့၏လူမျိုးထဲမှယောကျာ်းအားလုံး တို့သည်ပသခါပွဲ၊ ကောက်သိမ်းပွဲနှင့်သစ်သီး သိမ်းပွဲကျင်းပရန်တစ်ခုတည်းသောဝတ်ပြု ရာဌာနတော်သို့ တစ်နှစ်လျှင်သုံးကြိမ်လာ ရောက်လျက်ထာဝရဘုရားအားဝတ်ပြု ရမည်။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကောင်းချီးပေးတော်မူသည်နှင့် အမျှ လူတိုင်းပူဇော်သကာကိုယူဆောင် ခဲ့ရမည်။''