အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
ရှင်ယောဟန် 17:1 - Common Language Bible ဤသို့မိန့်တော်မူပြီးနောက်သခင်ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက် ``အို အဖ၊ အချိန် ကျပါပြီ။ သားတော်သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုထွန်းတောက်စေနိုင်ရန် သား တော်၏ဘုန်းအသရေကိုထွန်းတောက်စေ တော်မူပါ။- Garrad Bible ထိုသို့မိန့်တော်မူပြီးနောက် ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်လျက်၊ လျှောက်ဆိုတော်မူသည်မှာ၊ အိုအဘ၊ အချိန်ရောက်ပါပြီ။ သားတော်အားသနားတော်မူသမျှတို့ကို ထာဝရအသက်ပေးစေရန် လူအပေါင်းတို့အပေါ်တွင်အခွင့်အာဏာအပ်နှင်းတော်မူသည့်အတိုင်း သားတော်သည် ကိုယ်တော်၏ဘုန်းကိုထင်ရှားစေခွင့်ရခြင်းငှါ သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။ Judson Bible ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ဤအရာများကိုမိန့်တော်မူပြီးနောက် ကောင်းကင်သို့မျှော်ကြည့်လျက်“အို အဖ၊ အချိန်ရောက်ပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကိုထင်ရှားစေနိုင်ရန် သားတော်၏ဘုန်းကိုထင်ရှားစေတော်မူပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်လျက် “အို အဖ… အချိန်ကျပါပြီ။ သားတော်သည် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ရန် ကိုယ်တော်သည် သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။ မြန်မာ ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။- |
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
ငါ၏အသံသည်တုန်တုန်ချိချိဖြစ်၍ နေပါ၏။ ငါသည်ချိုးကဲ့သို့ညည်းညူပါ၏။ မိုးကောင်းကင်သို့မျှော်ကြည့်ရဖန်များ သဖြင့် ငါ၏မျက်စိများသည်ညောင်းလျက်ရှိပါ၏။ အို ထာဝရဘုရားဤဒုက္ခအပေါင်းမှ ကျွန်တော်မျိုးအားကယ်ဆယ်တော်မူပါ။
ကိုယ်တော်သည်သူတို့ထံသို့တတိယအကြိမ် ကြွလာတော်မူ၍ ``သင်တို့သည်ယခုတိုင်အိပ် ပျော်လျက်၊ နားလျက်နေကြသေးသလော။ တော် လောက်ပြီ။ လူသားကိုဆိုးယုတ်သူများလက် သို့အပ်နှံသောအချိန်ယခုရောက်လာပြီ။-
သို့ရာတွင်အခွန်ခံသူမူကားအဝေးတွင် ရပ်လျက်ကောင်းကင်သို့မော်၍မျှမကြည့်ဝံ့ ဘဲ `အို ဘုရားသခင်၊ အပြစ်ကူးသူအကျွန်ုပ် အားသနားတော်မူပါ' ဟုရင်ပတ်ကိုတီးခတ် လျက်ဆုတောင်းလေ၏။-
ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်မှာရှိစဉ်သင် တို့သည်အဘယ်ကြောင့်မဖမ်းဆီးကြသနည်း။ သို့ရာတွင်ဤအချိန်ကားသင်တို့၏အချိန်၊ အမိုက်မှောင်စိုးမိုးရာအချိန်တည်း'' ဟု မိန့်တော်မူ၏။
ကိုယ်တော်က ``ဤရောဂါသည်သေစေမည့် ရောဂါမဟုတ်။ ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုထွန်းတောက်စေမည့်ရောဂါဖြစ်၏။ ထိုရောဂါအားဖြင့်ဘုရားသခင်၏သား တော်သည်လည်းဘုန်းအသရေထွန်းတောက် အံ့'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍လူတို့သည်ကျောက်တုံးကိုရွှေ့လိုက် ကြ၏။ ထိုအခါသခင်ယေရှုသည်အထက် သို့မျှော်ကြည့်လျက် ``ခမည်းတော်၊ ကိုယ်တော် ရှင်သည်အကျွန်ုပ်၏ပတ္ထနာကိုနားညောင်း တော်မူသဖြင့်ကျေးဇူးတော်ကြီးပါ၏။-
အခါကားပသခါပွဲတော်မတိုင်မီတစ်ရက် ဖြစ်၏။ သခင်ယေရှုသည်ဤလောကမှထွက် ခွာ၍ ခမည်းတော်ထံသို့ကြွတော်မူရမည့် အချိန်ကျရောက်လာကြောင်းကိုသိတော်မူ ၏။ ကိုယ်တော်သည်ဤလောကရှိမိမိ၏တပည့် သားရင်းများကိုအစဉ်ပင်ချစ်တော်မူ၏။ သူတို့အားဆုံးခန်းတိုင်အောင်ချစ်တော် မူပေသည်။
သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-
လူတို့သည်ကိုယ်တော်အားဖမ်းဆီးရန်အခွင့် ကိုရှာကြံကြသော်လည်းအချိန်မကျသေး သဖြင့် ကိုယ်တော်အားအဘယ်သူမျှမဖမ်း မဆီးကြ။-
သခင်ယေရှုသည်ဘုန်းအသရေပွင့်တော်မမူ သေးသဖြင့် ဝိညာဉ်တော်ကိုလည်းကိုယ်တော် ကိုသက်ဝင်ယုံကြည်သူတို့အားမပေးမအပ် ရသေးပေ။ သို့ဖြစ်၍ထိုသူတို့ခံယူကြရ မည့်ဝိညာဉ်တော်ကိုရည်မှတ်၍ ဤသို့ကြွေး ကြော်တော်မူခြင်းဖြစ်၏။
ကိုယ်တော်သည်ဤစကားတော်များကိုဗိမာန် တော်အတွင်းအလှူခံသတ္တာများထားရာအခန်း ၌ ဟောပြောသွန်သင်စဉ်မိန့်တော်မူသတည်း။ သို့ ရာတွင်ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှကိုယ်တော်ကိုမဖမ်းမဆီးကြ။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-
ကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေ၍ ဘုန်းအသရေထွန်းတောက်စေတော်မူ သောဘုရားသခင်ကိုထိုအရှင်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍သင်တို့ သည်ဘုရားသခင်ကိုအမှီပြုလျက်ယုံ ကြည်ခြင်းနှင့်မျှော်လင့်ခြင်းရှိကြ၏။