ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-
ရှင်ယောဟန် 16:12 - Common Language Bible ``သင်တို့အားငါပြောစရာများရှိသေး သော်လည်းယခုသင်တို့ခံယူနိုင်ကြမည် မဟုတ်။- Garrad Bible ပြောဆိုရန် အများရှိသေးသော်လည်း ယခုသင်တို့မနာခံနိုင်ကြ။ Judson Bible သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါပြောစရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုမခံယူနိုင်ကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သင်တို့ကို ပြောစရာများစွာရှိသော်လည်း ယခုအချိန်တွင် သင်တို့မခံယူနိုင်ကြ။ မြန်မာ သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။- |
ယင်းသို့လျှင်ကိုယ်တော်သည်ထိုသူတို့နားလည် နိုင်သည့်ပုံဥပမာများအားဖြင့် တရားတော် ကိုဟောပြောတော်မူ၏။-
လောကကိုအစိုးရသူသည်ရောက်ရှိလာ တော့မည်။ သို့ဖြစ်၍ငါသည်သင်တို့နှင့်စကား ကြာကြာပြောနိုင်တော့မည်မဟုတ်။ သူသည် ငါ့ကိုမည်သို့မျှမပြုနိုင်။-
ယခုမှစ၍သင်တို့အားအစေခံဟူ၍ငါ မခေါ်။ အဘယ်ကြောင့်ဆိုသော်အစေခံသည် သခင်ပြုသည့်အမှုကိုမသိသောကြောင့် ဖြစ်၏။ ခမည်းတော်ထံမှငါကြားရသမျှ တို့ကိုသင်တို့အားငါပြောကြားပြီးဖြစ် သဖြင့် သင်တို့ကိုအဆွေဟူ၍ငါခေါ်၏။-
လောကကိုအစိုးရသူသည်တရားစီရင် ခြင်းကိုခံရပြီဖြစ်သောကြောင့် တရားစီရင် တော်မူခြင်းအကြောင်းကိုဖော်ပြမည်။''
သို့ရာတွင်ဘုရားသခင်အကြောင်းနှင့်စပ် လျဉ်း၍ သမ္မာတရားကိုဖွင့်ပြသည့်ဝိညာဉ် တော်ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအကြောင်းအလုံးစုံကိုဖွင့်ပြ တော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည်ကိုယ့် အလိုအလျောက်မိန့်ကြားတော်မူမည်မဟုတ်။ မိမိကြားသိရသည့်အကြောင်းအရာများ ကိုသာသင်တို့အားမိန့်ကြားတော်မူလိမ့်မည်။ နောက်ဖြစ်လတ္တံ့သောအမှုအရာများ အကြောင်းကိုလည်းဖွင့်ပြတော်မူလိမ့်မည်။-
ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။-