သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
ရှင်ယောဟန် 14:19 - Common Language Bible ကာလအနည်းငယ်ကြာလျှင်ဤလောက သားတို့သည် ငါ့ကိုမြင်ကြရတော့မည်မဟုတ် သော်လည်း သင်တို့မူကားမြင်ကြရလိမ့်မည်။ ငါ သည်အသက်ရှင်သောကြောင့်သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။- Garrad Bible ခဏမျှကြာသော် ဤလောကသားတို့သည်ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါအသက်ရှင်သည့်အတိုင်းရှင်ကြလတ္တံ့သောကြောင့် မြင်ရကြလိမ့်မည်။ Judson Bible ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။ မြန်မာ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။- |
သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ချစ်သားတို့၊ ငါသည်သင်တို့နှင့်အတူခဏမျှ သာနေရပေတော့အံ့။ သင်တို့သည်ငါ့ကိုရှာ ကြလိမ့်မည်။ `ငါသွားရာသို့သင်တို့မလိုက် နိုင်ကြ' ဟုယုဒအာဏာပိုင်တို့အားပြောခဲ့ သည်အတိုင်းသင်တို့အားလည်းယခုငါ ပြော၏။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
``အချိန်အနည်းငယ်ကြာလျှင်သင်တို့ငါ့ ကိုတွေ့မြင်ကြတော့မည်မဟုတ်။ ထို့နောက် အချိန်အနည်းငယ်ကြာပြန်သော်ငါ့ကို ပြန်၍တွေ့မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သင်တို့သည်လည်းယခုအခါဝမ်းနည်းလျက် ရှိကြ၏။ သို့သော်လည်းသင်တို့နှင့်တစ်ဖန်ငါ ပြန်၍တွေ့ဦးမည်ဖြစ်သဖြင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့၏ဝမ်းမြောက် ခြင်းကိုအဘယ်သူမျှမနုတ်မယူနိုင်။''
သားတော်ကိုဖူးမြင်၍ယုံကြည်လာသူ အပေါင်းတို့သည် ထာဝရအသက်ကိုရကြ စေရန်ခမည်းတော်အလိုတော်ရှိ၏။ ငါသည် လည်းသူတို့အား နောက်ဆုံးသောနေ့၌သေ ခြင်းမှရှင်ပြန်ထမြောက်စေမည်'' ဟုမိန့် တော်မူ၏။
သခင်ယေရှုကလူတို့အား ``ငါသည်သင်တို့ နှင့်အတူခေတ္တခဏသာနေပြီးလျှင်ငါ့ကို စေလွှတ်တော်မူသောအရှင်ထံသို့ငါသွား ရမည်။-
ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
လူတိုင်းကိုယ်တော်ကိုဖူးမြင်ခွင့်ရကြသည် မဟုတ်။ အသိသက်သေများအဖြစ်ဖြင့်ဘုရား သခင်ကြိုတင်ရွေးချယ်ထားသူငါတို့သာ လျှင်ဖူးမြင်ရကြ၏။ ငါတို့သည်ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်နှင့်အတူစားသောက်ခဲ့သူများဖြစ် ကြ၏။-
ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
သို့ဖြစ်၍သူတို့အားအဘယ်သူပြစ်ဒဏ် စီရင်မည်နည်း။ ခရစ်တော်စီရင်မည်မဟုတ်။ အသေခံတော်မူသည်သာမက သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော် ယေရှုသည် ဘုရားသခင်၏လက်ယာတော် ဘက်တွင်ထိုင်တော်မူကာ ငါတို့အတွက် ဘုရားသခင်အားအသနားခံလျက်နေ တော်မူ၏။-
သို့ရာတွင်အမှန်ဖြစ်ရပ်မှာခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ယင်း သို့ထမြောက်တော်မူခြင်းကြောင့်သေလွန်သူ တို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်ဖြစ် ကြောင်းအာမခံချက်ရရှိကြသည်။-
ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-