ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
ရှင်ယောဟန် 11:43 - Common Language Bible ထိုနောက် ``လာဇရု၊ ထွက်ခဲ့လော့'' ဟုကျယ်စွာ အမိန့်ပေးတော်မူ၏။- Garrad Bible လာဇရု၊ ထွက်ခဲ့ဟု ကျယ်သောအသံနှင့်အမိန့်ရှိတော်မူရာ၊ Judson Bible လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့်“လာဇရု၊ ထွက်လာလော့”ဟု ဟစ်ခေါ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မြွက်ဆိုတော်မူပြီးမှ “လာဇရု ထွက်ခဲ့လော့” ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူ၏။ မြန်မာ လာဇရု ထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။- |
ထိုအခါသူတို့သည်လွန်စွာထိတ်လန့်ကြ၏။ ``ဤ သူကားအဘယ်သူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြသည်တကား'' ဟုအချင်းချင်းပြောဆိုကြ၏။
ကိုယ်တော်ရှင်သည်အစဉ်အမြဲအကျွန်ုပ် ၏ပတ္ထနာကိုနားညောင်းတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ရာတွင်အကျွန်ုပ်အား ကိုယ်တော်ရှင်စေလွှတ်တော်မူကြောင်းကို ဤ လူအပေါင်းတို့ယုံကြည်ကြစေရန် သူတို့၏ အကျိုးကိုထောက်၍အကျွန်ုပ်ဤသို့လျှောက် ပါ၏'' ဟုမြွက်ဆိုတော်မူ၏။-
ထိုအခါသေလွန်သောသူသည်ခြေလက်၌ အဝတ်ဖြင့်ပတ်လျက်၊ မျက်နှာ၌ပဝါဖြင့် စည်းလျက်ထွက်လာလေသည်။ သခင်ယေရှု က ``သူ့အားပတ်ထားသည့်အဝတ်များကို ဖြေပေးကြလော့'' ဟုမိန့်တော်မူ၏။
ပသခါပွဲတော်ကျရောက်ရန်ခြောက်ရက်မျှ အလို၌ သေလွန်ပြီးမှပြန်၍အသက်ရှင် စေတော်မူခဲ့သူ လာဇရုနေထိုင်ရာဗေသနိ ရွာသို့သခင်ယေရှုကြွတော်မူ၏။-
ဗေသနိရွာသို့ကိုယ်တော်ရောက်ရှိနေကြောင်း ကြားရသောအခါ လူပရိသတ်ကြီးသည် ထိုရွာသို့လာရောက်ကြ၏။ သူတို့သည်သခင် ယေရှုကြောင့်သာလျှင်လာကြသည်မဟုတ်။ ကိုယ်တော်အသက်ပြန်၍ရှင်စေတော်မူခဲ့ သူ လာဇရုကိုတွေ့မြင်လိုကြသောကြောင့် လည်းဖြစ်၏။-
ပေတရုသည်လူတို့ကိုမြင်လျှင်``ဣသရေလ အမျိုးသားတို့၊ အဘယ်ကြောင့်ငါတို့ကိုစူး စိုက်၍ကြည့်နေကြသနည်း။ ငါတို့၏တန်ခိုး၊ ငါတို့၏အကျင့်သီလအားဖြင့် ဤသူကို လမ်းလျှောက်စေနိုင်သည်ဟုထင်မှတ်ကြသလော။-
သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။-
သူ့အားပေတရုက ``အဲနေ၊ ယေရှုခရစ်သည် သင့်ကိုကျန်းမာစေတော်မူပြီ။ ထ၍အိပ်ရာ ကိုပြင်လော့'' ဟုဆို၏။ အဲနေသည်ချက်ချင်း ပင်ထ၏။-
ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။-