အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။
ရှင်မာကု 6:9 - Common Language Bible ဖိနပ်ကိုစီးကြလော့။ သို့ရာတွင်အင်္ကျီနှစ်ထပ် မဝတ်နှင့်။- Judson Bible ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖိနပ်ကိုသာစီး၍ အင်္ကျီကိုလည်း နှစ်ထပ်မဝတ်သွားကြရန် မိန့်မှာတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖိနပ်ကိုသာ စီး၍ အင်္ကျီအပိုကို ယူမသွားကြနှင့်” ဟု မှာကြားတော်မူ၏။ မြန်မာ ခြေနင်းကို စီးကြလော့။ အင်္ကျီနှစ်ထပ် မဝတ်ကြနှင့်ဟု မှာထားတော်မူ၏။- |
အလှူခံလွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့်တောင် ဝှေးတို့ကိုမယူကြနှင့်။ အဘယ်ကြောင့်ဆိုသော် လုပ်သားသည်ရိက္ခာကိုရထိုက်သောကြောင့်ဖြစ်၏။
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
ထိုမှတစ်ပါးမည်သည့်မြို့တွင်မဆိုသင်တို့ အား ဦးစွာလက်ခံသည့်အိမ်မှမရွေ့မပြောင်း ကြနှင့်။ ထိုမြို့မှမထွက်ခွာမီကာလပတ်လုံး ထိုအိမ်တွင်သာတည်းခိုကြလော့။-
ကိုယ်တော်က ``လမ်းခရီးအတွက်တောင်ဝှေးမှ တစ်ပါး အဘယ်အရာကိုမျှမယူကြနှင့်။ ရိက္ခာ၊ လွယ်အိတ်၊ ခါးပန်း၌ကြေးငွေများကိုယူမ သွားကြနှင့်။-
ကောင်းကင်တမန်က ``သင်၏ခါးပန်းကိုစည်း၍ ဖိနပ်ကိုစီးလော့'' ဟုဆို၏။ ပေတရုသည်ထို သို့ဆိုသည့်အတိုင်းပြု၏။ ထိုနောက်ကောင်းကင် တမန်က ``ဝတ်လုံကိုခြုံ၍ငါ့နောက်သို့လိုက် လော့'' ဟုဆို၏။-
ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။-