ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
ရှင်မာကု 12:4 - Common Language Bible ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကိုတစ်ဖန် စေလွှတ်ပြန်၏။ ခြံသမားတို့သည်ထိုကျွန်၏ဦး ခေါင်းကိုရိုက်နှက်၍ အရှက်တကွဲအကျိုးနည်း အောင်ပြုကြ၏။- Garrad Bible တစ် ဖန်၊ ကျွန် တစ် ယောက် ကို စေ လွှတ် ပြန် ရာ ဦး ခေါင်း ကို အ နာ တ ရ ပြု၍ ရှုတ် ချ ကြ ၏။ Judson Bible နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်ဖန် အခြားအစေအပါးတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်ရာ ဦးခေါင်းကိုရိုက်၍ သူ့ကိုအရှက်ခွဲကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် စပျစ်ခြံပိုင်ရှင်သည် အခြားသောအစေခံတစ်ဦးကို စေလွှတ်ပြန်၏။ သို့သော် ထိုသူတို့က ထိုအစေခံ၏ ဦးခေါင်းကို ရိုက်နှက်၍ အရှက်ခွဲကြ၏။ မြန်မာ နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။- |
ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
ထာဝရဘုရားသည်မိမိ၏ရန်သူများနှင့် အပြစ်ပြုမြဲပြုနေသူများ၏ဦးခေါင်းကို ဧကန်အမှန်ခုတ်ဖြတ်တော်မူလိမ့်မည်။
ခြံသမားတို့သည်ထိုကျွန်ကိုဖမ်းဆီးရိုက်နှက် ပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-
ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကို စေလွှတ်ပြန်သော် ခြံသမားတို့သည်သူ့ကို သတ်ကြ၏။ အခြားများစွာသောကျွန်တို့ကို လည်း ဤနည်းတူပင်ရိုက်သူကိုရိုက်၊ သတ်သူ ကိုသတ်ကြ၏။-
ထိုနောက်ဥယျာဉ်ရှင်သည်အခြားကျွန်တစ် ယောက်ကိုစေလွှတ်ပြန်၏။ သို့ရာတွင်ခြံသမား တို့သည်သူ့ကိုလည်းရိုက်၍အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-