ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
ရှင်မာကု 12:33 - Common Language Bible ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။ Garrad Bible ကိုယ် တော် ကို စိတ် နှ လုံး၊ ဉာဏ် ပ ဋိ ဘာန်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့ ချစ် ခြင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် ခြင်း သည် ကောင် လုံး မီး ရှို့ ရာ သ က္ကာ မှ စ သော ပူ ဇော် သ က္ကာ အ မျိုး မျိုး ထက် မြတ် ပါ သည် ဟု ဝန် ခံ ရာ၊ Judson Bible ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင် မရှိ။ ထိုဘုရားသခင်ကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည်လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ပညတ်တော်တို့ကို လိုက်နာခြင်းသည် မီးရှို့ရာယဇ်နှင့် အခြားယဇ်တို့ကို ပူဇော်ခြင်းထက် သာ၍ ကြီးမြတ်ပါသည်” ဟု ပြန်၍ လျှောက်လေ၏။ မြန်မာ ထိုဘုရားသခင်မှတစ်ပါး အခြားသောဘုရားသခင် မရှိ။ ထိုဘုရားသခင်ကို စိတ်၊ နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း၊ ကိုယ်နှင့်အမျှ ချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်းအကျင့်ထက် သာ၍ မြတ်ပါသည်ဟု လျှောက်လေ၏။- |
ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
ငါသည်သင်တို့၏ယဇ်ကောင်ပူဇော်ခြင်းကို အလိုမရှိ၊ သင်တို့၏မေတ္တာကိုသာအလိုရှိ ၏။ ငါ၏လူမျိုးတော်သည်ငါ့အားမီးရှို့ရာ ယဇ်ပူဇော်ခြင်းထက်ငါ့အားသိကျွမ်းခြင်း ကိုသာအလိုရှိ၏။''
`ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော်ခြင်း ထက်ပို၍နှစ်သက်၏' ဟုကျမ်းစကား၏အနက် အဋ္ဌိပ္ပါယ်ကိုနားလည်ပါမူ သင်တို့သည်အပြစ် မရှိသူများကိုပြစ်တင်ရှုတ်ချကြလိမ့်မည် မဟုတ်။-
`ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော် ခြင်းထက်ပို၍နှစ်သက်၏' ဟူသောကျမ်းစကား ၏အနက်အဋ္ဌိပ္ပါယ်ကိုသင်တို့သွား၍လေ့လာ ကြလော့။ ငါသည်ဂုဏ်အသရေရှိသူများကို ကယ်ရန်ကြွရောက်လာသည်မဟုတ်။ အပယ်ခံ သူများကိုကယ်ရန်ကြွရောက်လာသတည်း'' ဟု မိန့်တော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
ကိုယ်တော်ကမီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ် အစရှိသောယဇ်များနှင့်ပူဇော်သကာများသည် ပညတ်တရားအရပြုအပ်သည့်ဝတ်များပင် ဖြစ်သော်လည်း ထိုအရာများကိုဘုရားသခင် အလိုရှိတော်မမူကြောင်း၊ အားရနှစ်သက် တော်မမူကြောင်းဦးစွာပထမဖော်ပြ၏။-
ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။-