ထာဝရဘုရားက``ငါသည်ကမ္ဘာမြေကြီး သစ်နှင့်မိုးကောင်းကင်သစ်ကိုဖန်ဆင်းမည်။ အတိတ်ကအဖြစ်အပျက်များသည်လုံးဝ မေ့ပျောက်၍သွားလိမ့်မည်။-
ရောမ 8:19 - Common Language Bible ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။- Garrad Bible ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။ Judson Bible ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။ |
ထာဝရဘုရားက``ငါသည်ကမ္ဘာမြေကြီး သစ်နှင့်မိုးကောင်းကင်သစ်ကိုဖန်ဆင်းမည်။ အတိတ်ကအဖြစ်အပျက်များသည်လုံးဝ မေ့ပျောက်၍သွားလိမ့်မည်။-
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။
သို့ရာတွင်လူအချို့တို့သည်ကိုယ်တော်ကို ယုံကြည်လက်ခံသဖြင့် ဘုရားသခင်၏သား သမီးများဖြစ်ခွင့်ကိုရကြ၏။-
ရှေးသန့်ရှင်းမြင့်မြတ်သောပရောဖက်များ မှတစ်ဆင့် ပေးတော်မူခဲ့သောဘုရားသခင် ၏ဗျာဒိတ်တော်နှင့်အညီ အရာခပ်သိမ်းတို့ ကိုအသစ်ပြုပြင်ပြောင်းလဲတော်မူရာကာလ မတိုင်မီ ထိုအရှင်သည်ကောင်းကင်ဘုံတွင်ရှိ နေတော်မူပေမည်။-
ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြ မှုကိုခံယူသောသူတို့သည် ဘုရားသခင်၏ သားများဖြစ်ကြ၏။-
ငါတို့သည်ဘုရားသခင်၏သားများဖြစ် ကြကြောင်းကိုဝိညာဉ်တော်ကိုယ်တိုင်ပင်လျှင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော် မူ၏။-
ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။-
အဖန်ဆင်းခံလောကသာမကဘုရား သခင်၏အဦးဆုံးဆုကျေးဇူးဖြစ်သည့် ဝိညာဉ်တော်ကိုခံယူရရှိသူငါတို့သည်လည်း ဘုရားသခင်၏သားများဖြစ်ခွင့်ကိုလည်းကောင်း၊ ငါတို့ကိုယ်ခန္ဓာတစ်ခုလုံးကယ်တင်ခြင်းခံရ ခွင့်ကိုလည်းကောင်း စောင့်မျှော်ကာညည်းတွား လျက်ရှိကြပေသည်။-
မည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည် `အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်'' ဟူ၍မိန့်တော်မူပေသည်။-
သို့ဖြစ်၍အရှင်ယေရှုခရစ်ကြွလာတော်မူ မည်ကိုစောင့်မျှော်လျက်နေစဉ် သင်တို့မခံစား ကြရသည့်ကောင်းချီးမင်္ဂလာဟူ၍မရှိ။-
ငါတို့အရှင်ယေရှုခရစ်တရားစီရင်တော်မူရာ နေ့တွင် သင်တို့သည်အပြစ်နှင့်ကင်းစင်စေရန် ကိုယ်တော်သည်သင်တို့အားအဆုံးတိုင်အောင် တည်ကြည်စေတော်မူလိမ့်မည်။-
ငါသည်သင်တို့၏အဖဖြစ်မည်။ သင်တို့သည် လည်းငါ၏သားသမီးများဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏'' ဟုမြွက်ဆိုတော်မူ၏။
သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။-
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
``နောက်တစ်ကြိမ်'' ဟူသောစကားသည်အဖန် ဆင်းခံအရာအပေါင်းတို့ကိုတုန်လှုပ်ပယ် ဖျက်တော်မူမည်ဖြစ်သဖြင့်မတုန်လှုပ်နိုင် သောအရာတို့သာလျှင်ကျန်ရစ်တည်ရှိ ကြလိမ့်မည်ဟုဆိုလိုသတည်း။
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-
ထိုစုံစမ်းနှောင့်ယှက်ခြင်းများကိုခံရခြင်း မှာဘုရားသခင်အားအကယ်ပင်သင်တို့ ယုံကြည်ကိုးစားမှုရှိမရှိကိုစစ်ဆေးရန် ဖြစ်၏။ ဖောက်ပြန်ပျက်စီးတတ်သောရွှေကို ပင်လျှင် အရည်ကျို၍စစ်တမ်းတင်ရသည် ဖြစ်ရာရွှေထက်များစွာပိုမိုအဖိုးထိုက် သည့် သင်တို့၏ယုံကြည်ခြင်းကိုလည်း တည်တံ့ခိုင်မြဲစေရန်စစ်တမ်းတင်ရမည်။ သို့မှသာလျှင်သင်တို့သည်သခင်ယေရှု ခရစ်ကြွလာတော်မူချိန်၌ဂုဏ်ပြုချီး ကူးခြင်းနှင့်ဘုန်းအသရေကိုခံယူ နိုင်ကြပေလိမ့်မည်။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-
ချစ်ဆွေတို့၊ ယခုအခါငါတို့သည်ဘုရား သခင်၏သားသမီးများဖြစ်ကြ၏။ သို့ရာ တွင်နောင်အခါအဘယ်သို့သောသူများဖြစ် မည်ကိုသေချာစွာမသိရကြသော်လည်း ခရစ်တော်ကြွလာတော်မူသောအခါကိုယ် တော်ဖြစ်တော်မူသည်အတိုင်းဖူးမြင်ရကြ မည်ဖြစ်၍ ငါတို့သည်ကိုယ်တော်နှင့်တူကြ မည်ကိုသိကြ၏။-
အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။-