ထိုသူတို့သည်ကိုယ်တော်ရှေ့တော်၌ ထာဝရ ကာလပတ်လုံးအသက်ရှင်သူများဖြစ်ကြ သဖြင့် ထာဝရဘုရားသည်သေလွန်သူတို့ ၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ ဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
ရောမ 6:10 - Common Language Bible သို့ဖြစ်၍ကိုယ်တော်အသေခံတော်မူသော ကြောင့်အပြစ်တရားသည်ကိုယ်တော်ကိုအစိုး မရတော့ချေ။ ယခုကိုယ်တော်သည်ဘုရား သခင်နှင့်မိတ်သဟာယဖွဲ့လျက်အသက် ရှင်တော်မူ၏။- Garrad Bible ကိုယ် တော် အ သေ ခံ တော် မူ သည် မှာ အ ပြစ် တ ရား အ ရာ၌ တစ် ကြိမ် သာ ခံ တော် မူ၏။ အ သက် ရှင် တော် မူ သည် မှာ ဘု ရား သ ခင့် အ ဖို့ ရှင် တော် မူ၏။ Judson Bible ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ်တရားကြောင့် တစ်ကြိမ်သာခံတော်မူ၏။ အသက်ရှင်တော်မူရာမှာ၊ ဘုရားသခင့်အဖို့ ရှင်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်အရာ၌ တစ်ကြိမ်တည်းနှင့်အပြီးအသေခံတော်မူသည်ဖြစ်၍ ယခုအသက်ရှင်တော်မူသည်မှာ ဘုရားသခင်၌ အသက်ရှင်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။ |
ထိုသူတို့သည်ကိုယ်တော်ရှေ့တော်၌ ထာဝရ ကာလပတ်လုံးအသက်ရှင်သူများဖြစ်ကြ သဖြင့် ထာဝရဘုရားသည်သေလွန်သူတို့ ၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ ဘုရားဖြစ်တော်မူ၏'' ဟုမိန့်တော်မူ၏။
ထိုနည်းတူသင်တို့သည်လည်းအပြစ်တရား နှင့်လုံးဝအဆက်ပြတ်၍ခရစ်တော်ယေရှု အားဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ လျက်ရှိနေသည်ဟုမှတ်ယူရကြမည်။
ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။-
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
ဤအကြောင်းကြောင့်သေလွန်သူတို့သည်ဘုရား သခင်ဝိညာဉ်အားဖြင့်အသက်ရှင်နိုင်ကြစေ ရန် သူတို့အားသတင်းကောင်းကိုကြေညာရ ခြင်းဖြစ်၏။ ထိုသူတို့သည်ကာယအားဖြင့် အသက်ရှင်စဉ်အခါကလူတိုင်းနည်းတူ အပြစ်စီရင်ခြင်းကိုခံခဲ့ရသူများဖြစ် သည်။