ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
ရောမ 5:8 - Common Language Bible သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။- Garrad Bible ခ ရစ် တော် မူ ကား အ ပြစ် သား ဖြစ် လျက် နေ သေး သော ငါ တို့ အ ဖို့ အ သေ ခံ တော် မူ ရာ၌ ငါ တို့ အ ပေါ် တွင် မေ တ္တာ တော် ရှိ ကြောင်း ဘု ရား သ ခင် ထင် ရှား စေ တော် မူ သ တည်း။ Judson Bible ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော မိမိ၏ချစ်ခြင်းမေတ္တာတော်ကို ထင်ရှားစေတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့ အပြစ်သားများဖြစ်နေစဉ်ကပင် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ခရစ်တော်ကို အသေခံရန် စေလွှတ်တော်မူခြင်းအားဖြင့် သူ၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား သက်သေပြတော်မူ၏။ |
ငါတို့ရှိသမျှသည်သိုးများကဲ့သို့လမ်းလွဲကာ မိမိတို့သွားလိုရာလမ်းသို့လိုက်လျက်နေကြ သဖြင့်၊ ထာဝရဘုရားသည်ငါတို့ခံယူထိုက်သည့် အပြစ်ဒဏ်ကိုထိုသူ၏အပါ်သို့တင်တော်မူ၏။
မိမိ၏မိတ်ဆွေအတွက်အသက်ကိုစွန့်သော မေတ္တာထက်ကြီးမြတ်သည့်မေတ္တာမရှိတော့ ပြီ။-
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
သို့ရာတွင်လူအချို့က``ငါတို့၏ဆိုးယုတ်မှု သည်ဘုရားသခင်၏ကောင်းမြတ်မှန်ကန်မှုကို ပိုမိုထင်ရှားစေသည်မဟုတ်ပါလော'' ဟု မေးကြလိမ့်မည်။ ငါတို့မည်သို့အဖြေပေး မည်နည်း။ ``ဘုရားသခင်သည်ငါတို့ကို ဒဏ်ခတ်တော်မူသည်မှာမတရား'' ဟုငါ တို့ဖြေဆိုကြမည်လော။ (ဤသို့ငါဆိုရာ ၌လူတို့ပြောဆိုလေ့ရှိသည့်အတိုင်းပြော လိုက်ခြင်းဖြစ်သည်။-)
ထိုအရှင်သည်ငါတို့အပြစ်များကြောင့်အသေ ခံစေရန်အပ်နှံခြင်းကိုခံတော်မူ၏။ ငါတို့အား ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံစေအံ့သော ငှာကိုယ်တော်အားသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၏။
အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
ဖြောင့်မတ်သူတစ်ယောက်အတွက်အသေခံမည့် သူရှိရန်ခဲယဉ်း၏။ သူတော်ကောင်းတစ်ယောက် အတွက်အသေခံဝံ့သူရှိကောင်းရှိမည်။-
မိမိ၏သားတော်ရင်းကိုပင်မနှမြောဘဲငါ တို့ရှိသမျှအတွက် ယဇ်အဖြစ်ပူဇော်တော် မူသောဘုရားသခင်သည်ဆန့်ကျင်မည်မဟုတ်။ ငါတို့အတွက်သားတော်ကိုပူဇော်သောအရှင် သည်အရာခပ်သိမ်းကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။-
ကောင်းကင်အထက်အရာဖြစ်စေ၊ မြေအောက် အရာဖြစ်စေ၊ ဖန်ဆင်းထားသောမည်သည့်အရာ ပင်ဖြစ်စေ၊ ငါတို့အရှင်ခရစ်တော်ယေရှုအား ဖြင့်ဘုရားသခင်ဖော်ပြတော်မူသောမေတ္တာတော် နှင့် ငါတို့အားမကွဲမကွာစေနိုင်ဟုငါဧကန် အမှန်သိသောကြောင့်တည်း။
သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
ဤသို့ပြုတော်မူခြင်းမှာခရစ်တော်ယေရှုအားဖြင့် ငါတို့အားမေတ္တာပြတော်မူရာ၌ကိုယ်တော်၏ ကျေးဇူးတော်သည်သာမန်ထက်လွန်ကဲသည်ကို နောင်ကာလအစဉ်အဆက်လူတို့သိမြင်နိုင် ကြစေရန်ပင်ဖြစ်သည်။-
ခရစ်တော်သည်ငါတို့ကိုချစ်တော်မူ၍ငါတို့ အတွက် မိမိကိုယ်ကိုဘုရားသခင်နှစ်သက် တော်မူရာမွှေးကြိုင်သောယဇ်သကာအဖြစ် ဖြင့်ဆက်သတော်မူသကဲ့သို့ သင်တို့သည် လည်းမေတ္တာတရားကိုကျင့်သုံးကြလော့။
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။-
ယဇ်ပုရောဟိတ်မင်းမည်သည်ပူဇော်သကာ ဆက်သရန်နှင့်ယဇ်ပူဇော်ရန်ခန့်ထားခြင်းခံ ရသူဖြစ်၏။ သို့ဖြစ်၍ငါတို့၏ယဇ်ပုရော ဟိတ်မင်းမှာလည်းဆက်သပူဇော်ရန် ပူဇော် သကာတစ်စုံတစ်ရာရှိရပေမည်။-
အဘယ်ကြောင့်ဆိုသော်ခရစ်တော်ကိုယ်တိုင် ပင်လျှင် ငါတို့၏အပြစ်များအတွက်အပြီး အပိုင်အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတော်စင်ဖြစ်တော်မူ၍မသူ တော်တို့အတွက်အသေခံတော်မူလေပြီ။ ယင်း သို့ပြုတော်မူခြင်းမှာသင်တို့အားဘုရား သခင်ထံတော်သို့ပို့ဆောင်ပေးရန်ပင်ဖြစ်၏။ ကိုယ်တော်သည်ကိုယ်ခန္ဓာအားဖြင့်အသေ သတ်ခြင်းကိုခံရသော်လည်းဝိညာဉ်အား ဖြင့်အသက်ပြန်၍ရှင်တော်မူ၏။-
ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-