သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
ရောမ 5:12 - Common Language Bible အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။- Garrad Bible သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊ Judson Bible ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် တစ်ယောက်သောသူအားဖြင့် အပြစ်တရားသည် ဤလောကထဲသို့ဝင်လာ၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ပြုသဖြင့် လူသားအားလုံးအပေါ်၌ သေခြင်းတရားသက်ရောက်ခဲ့၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်သည် လူတစ်ဦးကြောင့် ကမ္ဘာလောကသို့ ဝင်လာခဲ့၏။ အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာသည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် သေခြင်းတရားနှင့် ရင်ဆိုင်ကြရ၏။ |
သင်သည်မြေမှဖြစ်လာ၍မြေသို့ပြန်သွား ရသည်တိုင်အောင် မြေမှသီးနှံထွက်စေရန်ချွေး ထွက်လျက်ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်'' ဟု မိန့်တော်မူ၏။
မိန်းမသည်အပင်၏တင့်တယ်ခြင်း၊ အသီး၏ စားချင့်စဖွယ်ကောင်းခြင်းကိုမြင်ရ၏။ ထို့ပြင် ပညာဉာဏ်ရှိလျှင် အံ့ဘွယ်ကောင်းလိမ့်မည်ဟု စိတ်ထင်လျက်အသီးကိုဆွတ်၍စားလေ၏။ သူ၏ခင်ပွန်းအားလည်းပေးသဖြင့်သူလည်း စား၏။-
ကျွန်တော်မျိုးသည်မွေးဖွားချိန်မှစ၍ ဆိုးညစ်ခဲ့ပါ၏။ မွေးဖွားကတည်းကအပြစ်ရှိပါ၏။
အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။-
သို့ဖြစ်၍တစ်ဦးကအပြစ်ကိုပြုသောကြောင့် လူသားအားလုံးပင်ပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြသည်နည်းတူ အခြားတစ်ဦးကဖြောင့်မတ် သောအမှုကိုပြုသောကြောင့်လူသားအပေါင်း တို့သည်ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်၍ အသက်ရှင်ရကြ၏။-
လူတစ်ဦးသည်ဘုရားစကားကိုနားမထောင် သောအားဖြင့်လူအပေါင်းတို့အပြစ်ကူးသူ များဖြစ်ရကြသည်နည်းတူ အခြားလူတစ်ဦး သည်ဘုရားစကားကိုနာခံသောအားဖြင့်လူ အပေါင်းတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ရကြလိမ့်မည်။
သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။
ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။-
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
သေမင်း၏အစွယ်ကားအပြစ်ဒုစရိုက်ဖြစ်၏။ အပြစ်ဒုစရိုက်သည်ပညတ်တရားမှတန်ခိုး ကိုရရှိသတည်း။-
အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
ထိုလိုအင်ဆန္ဒသည်သန္ဓေယူကာအပြစ် ဒုစရိုက်ကိုဖွားမြင်၏။ အပြစ်ဒုစရိုက် သည်ကြီးပြင်းလာသောအခါသေခြင်း ကိုဖွားမြင်လေ၏။
ငါတို့အပေါင်းသည်မကြာခဏမှားတတ် ကြ၏။ အဘယ်အခါ၌မျှအပြောအဆို မမှားသောသူသည်ပြည့်ဝစုံလင်သောသူ ဖြစ်၏။ ထိုသို့သောသူသည် မိမိကိုယ်တစ် ကိုယ်လုံးကိုထိန်းချုပ်နိုင်သူဖြစ်ပေသည်။-