သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။ ခရစ်တော်အသင်းတော်အပေါင်းကသင်တို့ အားနှုတ်ဆက်လိုက်၏။
တစ် ယောက် ကို တစ် ယောက် သန့် ရှင်း စွာ နမ်း ရှုပ် လျက် နှုတ် ဆက် ကြ လော့။ ခ ရစ် တော်၏ အ သင်း တော် ရှိ သ မျှ တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။
အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
အချင်းချင်းသန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏အသင်းတော်အပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
အချင်းချင်း တစ်ဦးကို တစ်ဦး သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့ကိုကိုယ်လည်း ကောင်း၊ သင်တို့လက်သို့ သန့်ရှင်းသောဝိညာဉ်တော် ပေးအပ်ထားသည့်သိုးစုကိုလည်းကောင်းစောင့် ရှောက်ကြည့်ရှုကြလော့။ ဘုရားသခင်၏အသင်း တော်ကိုသိုးထိန်းသဖွယ်စောင့်ထိန်းကြည့်ရှုကြ လော့။ ကိုယ်တော်သည်မိမိသားတော်အသေခံ သောအားဖြင့် ထိုအသင်းတော်ကိုမိမိပိုင်ဆိုင် ရာဖြစ်စေတော်မူသည်။-
သူတို့သည်ပေါလုကိုဖက်ယမ်းလျက် ငိုယို ကာနမ်းရှုပ်၍နှုတ်ဆက်ကြ၏။-
ဤအရပ်တွင်ရှိသည့်ညီအစ်ကိုအပေါင်းကလည်း သင်တို့ကိုနှုတ်ဆက်ကြ၏။ သင်တို့အချင်းချင်း သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
သင်တို့သည်အချင်းချင်းတစ်ယောက်ကိုတစ် ယောက်သန့်ရှင်းသောနမ်းခြင်းနှင့်နှုတ်ဆက်ကြ လော့။
ယုံကြည်သူအပေါင်းတို့အားသန့်ရှင်းသော နမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
သင်တို့အချင်းချင်းတစ်ယောက်ကိုတစ်ယောက် မေတ္တာဖြင့်နမ်းရှုတ်လျက်နှုတ်ဆက်ကြလော့။ ခရစ်တော်၏တပည့်တော်များဖြစ်ကြသူ သင်တို့အပေါင်းသည် ငြိမ်သက်ခြင်းကိုခံစား ရကြပါစေသော။ ရှင်ပေတရုသြဝါဒစာပထမစောင်ပြီး၏။