ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
ရောမ 15:4 - Common Language Bible ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။- Garrad Bible ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။ Judson Bible ငါတို့သည် ကျမ်းစာ၌ပါသောသည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကိုအမှီပြု၍ မျှော်လင့်ရသော အခွင့်ရှိစေခြင်းငှာ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒပေး၍ ရေးထားသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ရှေးအခါကရေးထားသမျှသောအရာသည် ငါတို့ကိုသွန်သင်ရန်ရေးထားခြင်းဖြစ်ပြီး ကျမ်းစာ၌ပါသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ငါတို့၌ မျှော်လင့်ခြင်းရှိစေရန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ကျမ်းစာ၌ ယခင်က ရေးသားခဲ့သောအရာများသည် ကျွန်ုပ်တို့ကို သွန်သင်ရန် ရေးသားထားခြင်းဖြစ်ပြီး ထိုကျမ်းစာမှ ရရှိသော သည်းခံခြင်းနှင့် နှစ်သိမ့်ခြင်းအားဖြင့် ကျွန်ုပ်တို့တွင် မျှော်လင့်ချက်ရှိစေရန် ဖြစ်၏။ |
ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့ကို နောင်လာနောက်သားတို့အတွက် ရေးမှတ်ထားကြလော့။ သို့မှသာလျှင်သူတို့သည်ကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။
ကိုယ်တော်ရှင်၏ကတိတော်သည်ကွန်တော်မျိုးအား အသက်ရှင်စေတော်မူသည်ဖြစ်၍ ဆင်းရဲဒုက္ခရောက်စဉ်အခါ၌ပင်လှင် ကွန်တော်မျိုးသည်စိတ်သက်သာမှုကိုရရှိပါ၏။
ထာဝရဘုရားသည်``သင့်အားငါဖွင့်လှစ်ဖော်ပြသည့်အကြောင်းအရာများကိုအလွယ်တကူဖတ်ရှုနိုင်ရန် သင်ပုန်းပေါ်တွင်ရေးမှတ်လော့။ ထင်ရှားပြတ်သားစွာရေးမှတ်လော့။-
သင်တို့၌မျှော်လင့်ချက်ရှိသောကြောင့်ဝမ်း မြောက်ရွှင်လန်းကြလော့။ ဆင်းရဲဒုက္ခခံရ သောအခါသည်းခံကြလော့။ မပြတ်မလပ် ဆုတောင်းပတ္ထနာပြုကြလော့။-
ထိုသူတို့၌ဤသို့ဖြစ်ပျက်ရခြင်းမှာ အခြား သူတို့သင်ခန်းစာရရှိကြစေရန်ဖြစ်ပေသည်။ ငါတို့သည်ကပ်ကမ္ဘာကုန်ဆုံးရန်နီးချိန်၌ အသက်ရှင်ရကြသူများဖြစ်သောကြောင့် ငါ တို့အားသတိပေးသည့်အနေဖြင့်ထိုအကြောင်း အရာများကိုကျမ်းစာတော်တွင်ရေးသားထား သတည်း။
သို့ဖြစ်၍သင်တို့နိုးကြား၍ သမ္မာသတိရှိ ကြလော့။ ယေရှုခရစ်ကြွလာတော်မူသော အခါ သင်တို့ခံစားရမည့်ကောင်းချီးကို အဆုံးတိုင်အောင်မျှော်လင့်လျက်နေကြလော့။-