သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-
ရောမ 11:31 - Common Language Bible ထိုနည်းတူဘုရားသခင်၏ကရုဏာတော် ကိုသင်တို့ခံစားကြရခြင်းကြောင့် ယုဒ အမျိုးသားတို့သည်ကရုဏာတော်ကိုမိမိ တို့လည်းခံစားရအံ့သောငှာ ဘုရားသခင် ၏စကားတော်ကိုယခုအခါမနာခံဘဲ နေကြ၏။- Garrad Bible သူ တို့ လည်း သင် တို့ ခံ စား ရ သော က ရု ဏာ တော် ကို ခံ စား ခွင့် ရ အံ့ သော ငှါ နား မ ထောင် ဘဲ ယ ခု ရှိ နေ ကြ ၏။ Judson Bible ထိုနည်းတူ၊ သင်တို့ခံရသော သနားတော်မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည်အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲ နေရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်လည်း ထိုနည်းတူ ယခုနာခံခြင်းမရှိကြပေ။ ဤသည်ကား သင်တို့ခံရသောကရုဏာတော်အားဖြင့် ယခုအခါ သူတို့သည်လည်း ကရုဏာတော်ကိုခံစားရကြစေရန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအခါ သူတို့သည် မနာခံသောသူများဖြစ်ကာ ဘုရားသခင်၏သနားကြင်နာခြင်းသည် သင်တို့ထံ ရောက်လာခြင်းအားဖြင့် သူတို့သည်လည်း ထိုသနားကြင်နာခြင်းကို မျှဝေခံယူကြရန် ဖြစ်၏။ |
သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-
ဘုရားသခင်သည်ငါ၏အမျိုးသားတို့အား ပစ်ပယ်တော်မူသောအခါ၌ကမ္ဘာသူကမ္ဘာသား တို့အား မိမိရန်သူများဖြစ်ရာမှမိတ်ဆွေများ ဖြစ်စေတော်မူ၏။ သို့ဖြစ်၍ယုဒအမျိုးသား တို့အားဘုရားသခင်ပြန်လည်လက်ခံတော်မူ သောအခါ၌အဘယ်သို့ဖြစ်လိမ့်မည်နည်း။ သူသေတို့အားအသက်ပြန်၍ရှင်စေသကဲ့ သို့ဖြစ်လိမ့်မည်။
ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့ကိုယ်ကို တတ်သိလိမ္မာလှပြီဟုမထင်မမှတ်ကြစေရန် ငါသည်ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အရာကိုသင်တို့အားဖော်ပြလို၏။ ထိုလျှို့ဝှက် နက်နဲသောအရာမှာဤသို့တည်း။ ယုဒအမျိုး သားတို့သည်အမြဲစိတ်နှလုံးထိုင်းမှိုင်းလျက် နေကြမည်မဟုတ်ဘဲ ကယ်တင်ခြင်းကိုခံရ မည့်လူမျိုးခြားတို့အရေအတွက်ပြည့်စုံ လာသည့်ကာလအထိသာဖြစ်၏။-
လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
လူသားအပေါင်းတို့သည်မနာခံကြသည့် အတွက် ဘုရားသခင်သည်သူတို့အားအကျဉ်း သားများသဖွယ်ဖြစ်စေတော်မူ၏။ ဤသို့ ကိုယ်တော်ပြုတော်မူရခြင်းမှာသူတို့အား ကရုဏာတော်ကိုပြတော်မူလိုသောကြောင့် ပင်ဖြစ်ပေသည်။