ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
ရောမ 1:24 - Common Language Bible ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။- Garrad Bible သို့ ဖြစ်၍၊ ဘု ရား သ ခင်၏ ဟုတ် မှန် ရာ အ စား မု သာ ကို လဲ ယူ လျက် ဖန် ဆင်း တော် မူ သော အ ရှင့် အ စား ဖန် ဆင်း ထား သော အ ရာ အား ဝတ် ပြု ကိုး ကွယ် သော ထို သူ တို့ ကို ဘု ရား သ ခင် သည် ချင်း တို့ စိတ် နှ လုံး တပ် မက် ခြင်း အ လျောက် ကိုယ် ခ န္ဓာ အ သ ရေ ပျက် စေ ရန် ညစ် ညူး ခြင်း အ ဖြစ် သို့ အပ် လိုက် တော် မူ၏။ ထို အ ရှင်၌ က မ္ဘာ အ ဆက် ဆက် မင်္ဂ လာ ရှိ၏။ အာ မင်။ Judson Bible ထိုကြောင့်သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာစိတ်ညစ်ညူးခြင်းလက်သို့ အပ်လိုက်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် သူတို့အချင်းချင်း မိမိတို့ကိုယ်ခန္ဓာအသရေကိုဖျက်ဆီးစေရန် သူတို့ကို မိမိတို့စိတ်နှလုံးတပ်မက်သည့်အတိုင်း ညစ်ညူးခြင်းလက်သို့ အပ်လိုက်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သူတို့၏ စိတ်နှလုံးတပ်မက်သော စက်ဆုပ်ညစ်ညမ်းဖွယ်ရာများလက်သို့ အပ်လိုက်တော်မူ၏။ ဤသို့ဖြင့် သူတို့သည် အချင်းချင်းဆက်ဆံ၍ သူတို့၏ ကိုယ်ခန္ဓာများကို အသရေပျက်စေကြ၏။ |
ယောကျာ်းခြင်းကာမစပ်ယှက်ခြင်းမပြုရ။ ဘုရားသခင်သည်ထိုအကျင့်ကိုစက်ဆုပ် ရွံရှာတော်မူ၏။-
သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။
လွန်ခဲ့သောခေတ်ကာလများကကိုယ်တော် သည်လူမျိုးတကာတို့အား မိမိတို့အလို ဆန္ဒရှိသည်အတိုင်းပြုကျင့်ခွင့်ကိုပေးတော် မူခဲ့၏။-
သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံး ယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။ သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။
ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
``အစားအစာသည်ဝမ်းအတွက်ဖြစ်၏။ ဝမ်း သည်လည်းအစားအစာအတွက်ဖြစ်၏'' ဟု သင်တို့ဆိုလိမ့်မည်။ ဤစကားသည်မှန်ပေ၏။ သို့ရာတွင်ဘုရားသခင်သည်ထိုအရာနှစ်ခု လုံးကိုဖျက်ဆီးပစ်တော်မူလိမ့်မည်။ ကိုယ်ခန္ဓာ သည်ကာမဂုဏ်လိုက်စားရန်အတွက်မဟုတ်။ သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရန် အတွက်ဖြစ်၏။ ဘုရားသခင်သည်လည်းကိုယ် ခန္ဓာလိုအပ်သည်များကိုချပေးတော်မူ၏။-
ကာမဂုဏ်လိုက်စားခြင်းကိုရှောင်ကြလော့။ အခြားအပြစ်မှန်သမျှသည်လူ၏ကိုယ် ခန္ဓာအကျိုးကိုမထိမခိုက်စေနိုင်။ ကာမဂုဏ် လိုက်စားခြင်းအပြစ်ကိုကူးလွန်သူသည် ကားမိမိ၏ကိုယ်ခန္ဓာကိုပြစ်မှား၏။-
အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
အမျိုးသားတိုင်းပင်သန့်ရှင်းဖြူစင်တင့်တယ် လျောက်ပတ်စွာမိမိ၏ဇနီးနှင့်ပေါင်းသင်း နေထိုင်တတ်ရမည်။-