ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
ရုသ 2:22 - Common Language Bible နောမိသည်ရုသအား``ငါ့သမီး၊ သင်သည် အခြားသူတစ်ဦးတစ်ယောက်၏လယ်သို့ သွားခဲ့သော် အနှောင့်အယှက်ခံကောင်းခံ ရပေလိမ့်မည်။-'' Garrad Bible နော မိ က၊ ငါ့ သ မီး၊ အ ခြား အ ခင်း တွင် အ ထိ အ ခိုက် မ ရှိ စေ ရန် ထို သူ့ ကျွန် မိန်း မ တို့ နှင့် အ ပေါင်း အ သင်း ပြု လျှင် တော် လိမ့် မည် ဟု ပြန် ပြော သည့် အ လျောက် Judson Bible နောမိက၊ ငါ့သမီး၊ သင်သည် သူ၏ကျွန်မတို့နှင့် ပေါင်းဖော်ကောင်း၏။ အခြားသောလယ်၌ သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု၊ ချွေးမရုသအားပြောသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း နောမိကလည်း ချွေးမရုသအား “ငါ့သမီး၊ ထိုသူ၏အစေအပါးမိန်းကလေးတို့နှင့်အတူ အလုပ်လုပ်ရသည်မှာ ကောင်းပေ၏။ အခြားလယ်များတွင် လုပ်လျှင် အနှောင့်အယှက်ခံရနိုင်၏”ဟု ဆို၏။ |
ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
ပေတရုသည်ကျောင်းတော်ဝင်းအတွင်း၌ရှိနေ စဉ် ယဇ်ပုရောဟိတ်မင်း၏အစေခံမကလေး တစ်ယောက်သည်ရောက်ရှိလာ၏။-
ထိုအခါရုသက``မုယောစပါးကိုအလုပ် သမားတို့ရိတ်သိမ်းကာလမကုန်မချင်း ကောက်သင်းလာ၍ ကောက်ရန်ကျွန်မအားသူ မှာကြားလိုက်ပါသည်'' ဟုပြော၏။
သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။