ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
ယေရမိ 8:22 - Common Language Bible ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။ Garrad Bible ဂိ လဒ် ပြည်၌၊ လိမ်း ဆေး သော် လည်း ကောင်း၊ သ မား သော် လည်း ကောင်း၊ မ ရှိ သ လော။ ရှိ လျှင်၊ ငါ ၏ အ မျိုး သတို့ သ မီး သည်၊ အ ဘယ့် ကြောင့် ကျန်း မာ ခြင်း သို့ မ ရောက် သ နည်း။ Judson Bible ဂိလဒ်ပြည်၌ ဗာလဇံပင်အစေးမရှိသလော။ ထိုပြည်၌ ဆေးသမားမရှိသလော။ ရှိလျက်ပင် ငါ၏လူမျိုးသတို့သမီးသည် အဘယ်ကြောင့် အနာမှ မထမြောက်သနည်း။ မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။ |
ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
``ငါ၏အဖို့ယုဒဘုရင်၏နန်းတော်သည် ဂိလဒ်ကဲ့သို့လည်းကောင်း၊ လေဗနုန်တောင် ထိပ်ကဲ့သို့လည်းကောင်းလှပတင့်တယ်သော် လည်း ငါသည်ထိုအရပ်ကိုလူသူဆိတ် ငြိမ်ရာသဲကန္တာရဖြစ်စေမည်။
အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
ဗာဗုလုန်မြို့သည်ရုတ်တရက်ပြိုလဲပျက် စီးသွားလေပြီ။ ထိုမြို့အတွက်ငိုကြွေး ကြလော့။ သူ၏ဒဏ်ရာများအတွက်ဆေး ဝါးကိုရှာကြလော့။ သူ့အားအနာရောဂါ ပျောက်ကင်းအောင်ကုသကောင်းကုသနိုင် ပေလိမ့်မည်။-
စမ်းရေတွင်းမှရေသည်အစဉ်စီးထွက်လျက် ရှိသကဲ့သို့ယေရုရှလင်မြို့မှမကောင်းမှု များသည်အစဉ်ယိုစီးလျက်နေ၏။ မြို့ထဲ ၌အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့ ကိုငါကြားရ၍ဖျားနာမှုနှင့်ဒဏ်ရာ ဒဏ်ချက်များကိုငါမြင်ရ၏။-
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
ထာဝရဘုရားက``ငါသည်ယေရုရှလင် မြို့ကို တောခွေးများခိုအောင်းရာ၊ အဆောက်အအုံပျက်များစုဝေးရာအရပ် ဖြစ်စေမည်။ ယုဒမြို့တို့သည်လည်းလူသူဆိတ်ညံရာ သဲကန္တာရ ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အို ယေရုရှလင်မြို့၊ ငါချစ်မြတ်နိုးသောမြို့၊ အဘယ်သို့ပြောဆိုရပါမည်နည်း။ အဘယ်သို့နှစ်သိမ့်မှုကိုပေးရပါမည်နည်း။ အဘယ်သူမျှဤကဲ့သို့ဒုက္ခမရောက်ခဲ့ဘူးပါ။ သင်၏ဘေးအန္တရာယ်သည်သမုဒ္ဒရာသဖွယ် အတိုင်းမသိကျယ်ဝန်းပါ၏။ မျှော်လင့်စရာမရှိနိုင်ပါ။
ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-
အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။-