အို ဘုရားသခင်၊ ဤရက်စက်ကြမ်းကြုတ်သောခြင်္သေ့၏အစွယ် များကို ချိုးတော်မူပါ။
ယေရမိ 8:17 - Common Language Bible ထာဝရဘုရားက``သတိဝိရိယနှင့်နေ ကြလော့။ ငါသည်သင်တို့အထဲသို့မြွေများ၊ အလမ္ပာယ်ဆရာမနိုင်သည့်မြွေဆိုးများကို စေလွှတ်မည်။ ထိုမြွေတို့သည်သင်တို့ကို ကိုက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သို့ ပင်၊ မန်း မှုတ် သံ မ ခံ သော မြွေ ဆိုး မြွေ ဟောက် များ ကို ငါ စေ လွှတ် သ ဖြင့်၊ သင် တို့ ကို ခဲ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ရှိရာသို့ မြွေများကိုစေလွှတ်မည်။ အလမ္ပာယ်ဆရာမန်းမှုတ်၍မနိုင်သည့်မြွေပွေးတို့သည် သင်တို့ကိုပေါက်သတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ |
အို ဘုရားသခင်၊ ဤရက်စက်ကြမ်းကြုတ်သောခြင်္သေ့၏အစွယ် များကို ချိုးတော်မူပါ။
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-
ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-
ကရေမေလတောင်ထိပ်၌ပုန်းနေလျှင်လည်း သူတို့ကိုလိုက်ရှာ၍ဖမ်းချုပ်မည်။ ငါ့ထံမှ လွတ်အောင်ပင်လယ်အောက်၌ပုန်းနေလျှင် သူ တို့ကိုဝါးမြိုရန်ပင်လယ်နဂါးကိုစေ ခိုင်းမည်။-
ထိုအခါထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ရှိရာသို့မြွေဆိုးများကိုစေ လွှတ်သဖြင့် လူပေါင်းများစွာတို့သည်မြွေ ကိုက်ခံရ၍သေဆုံးကြ၏။-
သူတို့သည်ငတ်မွတ်၊ဖျားနာ၍သေကြလိမ့်မည်။ ကြောက်မက်ဖွယ်သောရောဂါများဖြင့် သေဆုံးကြလိမ့်မည်။ သားရဲတိရစ္ဆာန်တို့သည်သူတို့ကို ကိုက်ဖြတ်လိမ့်မည်။ မြွေဆိုးတို့သည်သူတို့ကိုကိုက်လိမ့်မည်။
မြင်းတို့၏တန်ခိုးစွမ်းရည်သည်သူတို့၏ခံတွင်း နှင့်အမြီးတွင်ရှိ၏။ သူတို့၏အမြီးများသည် မြွေများနှင့်တူ၏။ ထိုအမြီးများတွင်ဦးခေါင်း များပေါက်လျက်ယင်းအမြီးများဖြင့်လူတို့ အားအန္တရာယ်ပြုကြ၏။