သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
ယေရမိ 50:27 - Common Language Bible စစ်သည်တပ်သားအပေါင်းကိုသတ်ဖြတ်ကြ လော့။ အစုလိုက်အပြုံလိုက်သတ်ကြလော့။ ဗာဗုလုန်ပြည်သားတို့သည်အမင်္ဂလာရှိ ကြ၏။ သူတို့အပြစ်ဒဏ်ခံရမည့်နေ့ရက် ကာလသည်ကျရောက်လာလေပြီ'' ဟု မိန့်တော်မူ၏။ Garrad Bible နွား ဥဿ ဘ သ ဖွယ် ဖြစ် သူ တို့ ကို လုပ် ကြံ၍ ကွပ် မျက် ခံ ကြ စေ။ ဒဏ် စီ ရင် ခြင်း ခံ ရာ နေ့ ရက် ကာ လ ရောက် ပြီ ဖြစ် သော ကြောင့်၊ အ ကျိုး နည်း လေ စွ။ Judson Bible သူ၏ နွားဥသဘရှိသမျှတို့ကို သတ်ကြလော့။ သတ်ရာအရပ်သို့ ဆင်းသွားစေကြလော့။ သူတို့သည် အမင်္ဂလာရှိကြ၏။ အကယ်စင်စစ် သူတို့အချိန်၊ ဆုံးမခြင်းကို ခံရသောအချိန်ရောက်လေပြီ။ မြန်မာ့စံမီသမ္မာကျမ်း နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။ |
သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
ကျွန်တော်မျိုး၏ရန်သူတို့သည်ဗာရှန်ဒေသမှ ကြောက်မက်ဖွယ်ကောင်းသောနွားသိုးများကဲ့သို့ ကျွန်တော်မျိုးကိုဝိုင်းရံထားကြပါ၏။
သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
ငါကလည်း``မိုးသောက်ယံရောက်တော့မည်၊ သို့ရာတွင်ညဥ့်ယံပြန်လည်ကျရောက်လာ လိမ့်မည်။ သင်ထပ်မံမေးမြန်းလိုလျှင်နောက် တစ်ဖန်လာ၍မေးမြန်းလော့'' ဟုဖြေကြား လိုက်၏။
ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။-
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အကြောင်းကိုသိတော်မူပါ၏။ ကျွန်တော်မျိုးပြုကျင့်သည့်အမှုကိုလည်းကောင်း၊ ကိုယ်တော်ရှင်အား၊ကျွန်တော်မျိုး၏အကြံ အစည် ကိုလည်းကောင်းသိမြင်တော်မူပါ၏။ ထိုဆိုးညစ်သူတို့အားအသတ်ခံရမည့်သိုး များကဲ့သို့ ဆွဲထုတ်သွားတော်မူပါ၏။ အသတ်ခံရချိန်မတိုင်မီသူတို့အား စောင့်ကြပ်ထားတော်မူပါ၏။
အသင်ခေါင်းဆောင်တို့၊ အော်ဟစ်ငိုယိုကြလော့။ ငါ၏လူမျိုးတော်ကိုထိန်းသောသိုးထိန်းတို့၊ ကျယ်စွာအော်ဟစ်ကြလော့။ ဝမ်းနည်းပူဆွေး လျက်မြေမှုန့်တွင်လူးလှိမ့်ကြလော့။ အသတ် ခံရကြမည့်အချိန်ကျရောက်လာပြီဖြစ်၍ သင်တို့သည်သိုးထီးများကဲ့သို့အသတ်ခံ ရကြလိမ့်မည်။-
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
(ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။)
မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။-
ဗာဗုလုန်မြို့သားတို့၊ သင်တို့သည်ငါ၏ နိုင်ငံတော်ကိုလုယက်ခဲ့ကြ၏။ သင်တို့သည် ကောက်နယ်သည့်နွားမကဲ့သို့သော်လည်း ကောင်း၊ ဟီလျက်နေသောမြင်းကဲ့သို့သော် လည်းကောင်း ဝမ်းမြောက်ရွှင်လန်းစွာသွား လာနေကြသော်လည်း၊-
``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
ငါသည်သူတို့အားသိုးသငယ်များကဲ့သို့ လည်းကောင်း၊ ဆိတ်ထီး၊ သိုးထီးများကဲ့သို့ လည်းကောင်းသတ်ရန်ခေါ်ဆောင်သွားမည် ဟုမိန့်တော်မူ၏။
``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။
ထိုနောက်နေကိုကြည့်လိုက်သောအခါ၊ နေထဲ တွင်ကောင်းကင်တမန်တစ်ပါးရပ်လျက်နေသည် ကိုငါမြင်ရ၏။ သူသည်ကောင်းကင်အလယ်တွင် ပျံသန်းနေသောငှက်အပေါင်းတို့အား``လာကြ၊ ဘုရားသခင်၏စားပွဲတော်ကြီးသို့စုဝေး ကြလော့။-