ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။
ယေရမိ 49:31 - Common Language Bible `လာကြ၊ ငါတို့သည်ဘေးမဲ့လုံခြုံမှုရှိလှ ပြီဟုထင်မှတ်သူထိုလူမျိုးကိုတိုက်ခိုက် ကြကုန်အံ့။ သူတို့၏မြို့သည်မြို့တံခါးနှင့် ကန့်လန့်ပင်မရှိ။ လုံခြုံမှုကင်းမဲ့သည့်မြို့ ဖြစ်သည်' ဟုဆို၏။ Garrad Bible မြို့ တံ ခါး မင်း ထုပ် မ ရှိ ဘဲ၊ အ သီး အ ခြား စိတ် ချမ်း သာ စွာ နေ လေ့ ရှိ သော၊ ထို လူ မျိုး ထံ ထ၍ ချီ တက် ကြ လော့ ဟု၊ ထာ ဝ ရ ဘုရား တိုက် တွန်း တော် မူ ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထကြလော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဖော်မရှိ၊ တခြားစီနေတတ်သော လူမျိုးနေရာသို့သွားကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ထကြ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချပြီး စိုးရိမ်ကြောင့်ကြမှုမရှိသောလူမျိုး၊ မြို့တံခါးမရှိ၊ ကန့်လန့်ကျင်မရှိ၊ တသီးတခြားနေထိုင်သောလူမျိုးထံ စစ်ချီကြ”ဟု မိန့်တော်မူ၏။ |
ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။
ဤကားသူယုတ်မာတို့ပြုကြပုံပင်ဖြစ်ပေသည်။ သို့သော်သူတို့သည်ကောင်းစား၍အစဉ်ပင် စည်းစိမ်ချမ်းသာတိုးလျက်နေကြ၏။
သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
ပူပင်သောကမရှိဘဲအေးဆေးစွာနေထိုင် ကြသူအချင်းအမျိုးသမီးတို့၊ ငါပြော သည့်စကားကိုနားထောင်ကြလော့။-
တောကန္တာရနှင့်ထိုအရပ်ရှိမြို့များသည် ဘုရားသခင်အားထောမနာပြုကြစေ။ ကေဒါအနွယ်ဝင်အပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြစေ။ သေလမြို့သူမြို့သားတို့သည်တောင်ထိပ်များမှနေ၍ ရွှင်လန်းစွာကြွေးကြော်ကြစေ။
``အချင်းအပျော်အပါးကိုချစ်မြတ်နိုးသူ၊ မိမိတွင်လုံခြုံမှုရှိလှပြီဟုထင်မှတ်သူ၊ ဤစကားကိုနားထောင်လော့။ ငါသည်ဘုရားတမျှကြီးမြတ်သည်ဟူ၍ လည်းကောင်း၊ ငါလိုလူဇမ္ဗူတွင်မရှိဟူ၍လည်းကောင်းသင်ဆို၏။ သင်သည်အဘယ်အခါ၌မျှမုဆိုးမ ဖြစ်ရလိမ့်မည်မဟုတ်။ အဘယ်အခါ၌မျှသားသမီးများကိုလည်း ဆုံးရှုံးရလိမ့်မည်မဟုတ်ဟုသင်ထင်မှတ်၏။
ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။
ခိုကိုးရာမဲ့ဖြစ်၍နေသောတိုင်းပြည်တစ် ပြည်ကိုချင်းနင်းဝင်ရောက်ရန်စိတ်ပိုင်းဖြတ် လိမ့်မည်။ ထိုပြည်မှလူတို့သည်တံတိုင်း အကာအရံမရှိသည့်မြို့များတွင်အေး ချမ်းစွာနေထိုင်ကြသူများဖြစ်ကြ၏။-
ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
အို ထာဝရဘုရား၊ ကိုယ်တော်ရွေးကောက်သော လူမျိုးတော်အားသိုးထိန်းသဖွယ်စောင့်ရှောက် တော်မူပါ။ သူတို့အားရှေးအခါကမြက်ပေါ များရာ ဗာရှန်ပြည်နှင့်ဂိလဒ်ပြည်များတွင် ကျက်စားစေသကဲ့သို့ယခုလည်းပြည် တော်တွင်နေထိုင်စေတော်မူပါ။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။
ငါသည်ကျောက်တောင်များပေါ်မှသူတို့ကို မြင်ရ၏။ ငါသည်တောင်ကုန်းများပေါ်မှသူတို့ကိုရှု မြင်နိုင်၏။ သူတို့သည်လူမျိုးအပေါင်းတို့တွင်ထူးခြား သော လူမျိုးဖြစ်၏။ အခြားလူများထက်ကောင်းချီးပို၍ခံစား ရသူများ ဖြစ်ကြောင်းကိုသူတို့သိကြ၏။
သို့ဖြစ်၍ယာကုပ်၏အဆက်အနွယ်တို့သည် မိုးကောင်းကင်မှနှင်းကျသော၊ စပါးနှင့်စပျစ်ရည်ပေါကြွယ်ဝသော ပြည်တွင် အေးချမ်းလုံခြုံစွာနေထိုင်ရကြ၏။