သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။
ယေရမိ 49:22 - Common Language Bible ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ Judson Bible ရန်သူသည်တက်၍ ရွှေလင်းတကဲ့သို့ ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဖွားခြင်းဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ ပျံတက်ပြီးမှ ဗောဇရမြို့သို့ ထိုးဆင်းလာလေပြီ။ ထိုနေ့ရက်၌ ဧဒုံစစ်သူရဲတို့၏စိတ်နှလုံးသည် သားဖွားခြင်းဝေဒနာခံစားရသောမိန်းမကဲ့သို့ ကြောက်လန့်ရလိမ့်မည်။ |
သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။
လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
သူတို့အားလုံးပင်ထိတ်လန့်တုန်လှုပ်လျက် သားဖွားသောအမျိုးသမီးကဲ့သို့ပြင်းပြ စွာဝေဒနာခံရကြလိမ့်မည်။ သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြောက်စိတ်နှင့်ကြည့်ကြလိမ့်မည်။ သူတို့ ၏မျက်နှာများသည်လည်းရှက်သွေးသန်း လျက်နေလိမ့်မည်။-
ဗျာဒိတ်ရူပါရုံတွင်မြင်ရကြားရသောအမှု အရာများကြောင့် ငါသည်သားဖွားသည့်အမျိုး သမီးသဖွယ်ထိတ်လန့်၍ဝေဒနာခံရ၏။-
အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားဖွားသည့် အမျိုးသမီးကဲ့သို့၊ နာကျင်ခြင်းဝေဒနာနှင့်အော်ဟစ်စေတော် မူပါပြီ။
မိမိတို့၏မိတ်ဆွေများဟုသင်တို့ထင်မှတ် သူတို့သည် သင်တို့ကိုနှိမ်နင်း၍အုပ်စိုးရန် ထာဝရဘုရားချမှတ်တော်မူသောအခါ သင်တို့အဘယ်သို့ပြောဆိုကြမည်နည်း။ သင်တို့သည်သားဖွားသည့်အမျိုးသမီး ကဲ့သို့ဝေဒနာခံရကြလိမ့်မည်။-
သင်တို့သည်လေဗနုန်တောမှယူဆောင်လာ သည့် အာရစ်ပင်များ၏အလယ်တွင်ဘေးမဲ့လုံခြုံစွာ နေထိုင်လျက်ရှိကြ၏။ သို့ရာတွင်သားဖွားသောအမျိုးသမီးကဲ့သို့ ဝေဒနာခံရကြသောအခါ သင်တို့သည်အဘယ်မျှသနားစရာ ကောင်းလိမ့်မည်နည်း။
မေးမြန်းလျက်စဉ်းစားကြည့်ကြလော့။ အမျိုးသားသည်သားဖွား၍ရနိုင်သလော။ သို့ဖြစ်ပါမူအမျိုးသားပင်လျှင်သားဖွား ဝေဒနာ ခံရသည့်အမျိုးသမီးကဲ့သို့၊ အဘယ်ကြောင့်မိမိတို့ဝမ်းကိုလက်ဖြင့်နှိပ် လျက် နေသည်ကိုငါတွေ့ရှိရသနည်း။ လူတိုင်းသည်အဘယ်ကြောင့်ဖြူဖတ်ဖြူရော် ဖြစ်နေကြသနည်း။
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
ဒမာသက်မြို့သားတို့သည်စိတ်အားငယ် လျက်ထိတ်လန့်တုန်လှုပ်ကာထွက်ပြေးကြ ကုန်၏။ သူတို့သည်သားဖွားသည့်အမျိုး သမီးကဲ့သို့ ကိုယ်စိတ်ဝေဒနာပြင်းစွာ ခံစားရကြပေသည်။-
ထိုပြည်၏မိစ္ဆာပရောဖက်တို့သည်သေဆုံး ရကြလိမ့်မည်။ သူတို့သည်အလွန်မိုက်မဲသူများဖြစ်၏။ ထိုပြည်၏စစ်သည်တပ်သားတို့သည် သေဆုံးရကြလိမ့်မည်။ သူတို့သည်အလွန်ကြောက်လန့်တုန်လှုပ်လျက် ရှိကြ၏။
ဗာဗုလုန်ဘုရင်သည်ထိုသတင်းကိုကြား သောအခါ မိမိ၏လက်များကိုပင်မလှုပ်မရှားနိုင် တော့ချေ။ သူသည်စိတ်ဒုက္ခရောက်လျက်သားဖွားသည့် အမျိုးသမီးကဲ့သို့ဝေဒနာခံရလေသည်။
ယေရုရှလင်မြို့သားတို့က``ဤသတင်းကို ငါတို့ကြားသောအခါ ငါတို့၏လက်များ သည်ပျော့ခွေ၍သွားပါ၏။ ငါတို့သည်သား ဖွားသောအမျိုးသမီးကဲ့သို့ပြင်းစွာ ဝေဒနာခံရကြပါ၏။-
ပထမသားရဲသည်ခြင်္သေ့နှင့်တူ၍လင်းယုန်ကဲ့သို့အတောင်များရှိ၏။ ငါသည်ကြည့်ရှုနေစဉ်ထိုသားရဲသည်အတောင်များပြုတ်၍သွားပြီးလျှင် မြေပေါ်သို့မြောက်တက်ကာလူကဲ့သို့မတ်တတ်ရပ်လျက်နေ၏။ ထိုနောက်သူသည်လူ့စိတ်ကိုရလေသည်။
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
လက်နက်ကိုင်စွဲသူတေမန်မြို့သားတို့သည် ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။ ဧဒုံပြည်ရှိစစ်သည်တပ်သားအပေါင်းတို့ သည် အသတ်ခံရကြလိမ့်မည်။
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-