ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
ယေရမိ 48:46 - Common Language Bible မောဘပြည်သူတို့အားကရုဏာသက်ကြ လော့။ ခေမုရှဘုရားကိုရှိခိုးဝတ်ပြုသူတို့ သည်သုတ်သင်ဖျက်ဆီးခြင်းကိုခံရကြ လေပြီ။ သူတို့၏သားသမီးများသည်လည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရကြ လေပြီ။ Garrad Bible အို မော ဘ လူ မျိုး၊ သင် သည်၊ အ မင်္ဂ လာ ရှိ၏။ ခေ မု ရှ တ ပည့် သား တို့ ပျက် ပြား ကြ ပြီ။ ပြည် သား တို့ သည် သုံ့ ပန်း ခြင်း၊ ပြည် သူ တို့ လည်း သိမ်း သွား ခြင်း ကို ခံ ရ ကြ လေ စွ။ Judson Bible အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှတပည့်တို့၊ သင်တို့သည် အကျိုးနည်းကြပြီ။ သင်တို့၏သားသမီးများကို သိမ်းသွင်းကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ ပျက်စီးကြပြီ။ သင့်သားတို့သည် သုံ့ပန်းအဖြစ်ပါသွားပြီ။ သင့်သမီးတို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရလေပြီ။ |
ယေရုရှလင်မြို့အရှေ့ဘက်ရှိတောင်ပေါ်တွင် စက် ဆုပ်ဖွယ်ကောင်းသည့်မောဘဘုရား၊ ခေမုရှနှင့် စက်ဆုပ်ဖွယ်ကောင်းသောအမ္မုန်ဘုရားမောလုတ် အားဝတ်ပြုကိုးကွယ်ရန်ဌာနကိုလည်းကောင်း တည်ဆောက်လေသည်။-
ယောရှိသည်ယေရုရှလင်မြို့၏အရှေ့၊ သံ လွင်တောင်၏တောင်ဘက်၌ဇိဒုန်ဘုရားအာရှ တရက်၊ မောဘဘုရားခေမုရှနှင့်အမ္မုန်ဘုရား မောလုတ်တို့ကိုကိုးကွယ်ရန် ရှောလမုန်မင်းကြီး တည်ဆောက်ခဲ့သောယဇ်ပလ္လင်များကိုလည်း ညစ်ညမ်းစေတော်မူ၏။-
သူတို့သည်အာနုန်မြစ်ကမ်းပေါ်တွင်စောင့် ဆိုင်းလျက်နေစဉ် အသိုက်ကိုစွန့်ခွာခဲ့ရသည့် ငှက်များကဲ့သို့ ခြေဦးတည့်ရာခေါက်တုံ့ ခေါက်ပြန်သွားလာလျက်နေကြ၏။
ထိုအခါမိမိတို့ယုံကြည်ခဲ့ကြသောဗေသလ ဘုရားကို ဣသရေလအမျိုးသားတို့စိတ်ပျက် ကြသကဲ့သို့ မောဘပြည်သူတို့သည်မိမိတို့ ၏ခေမုရှဘုရားကိုလည်းစိတ်ပျက်ကြလိမ့် မည်။
``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
မောဘပြည်သားတို့သင်တို့သည်အလွန် ဆင်းရဲဒုက္ခရောက်ကြရပါပြီတကား။ ခေမုရှဘုရားကိုကိုးကွယ်သောအသင်တို့ ပျက်စီးရကြလေပြီ။ သင်တို့၏ဘုရားများသည်သင်တို့၏အမျိုး သားများကို စစ်ပြေးဒုက္ခသည်များဖြစ်စေ၍၊ အမျိုးသမီးများကိုအာမောရိဘုရင်၏ သုံ့ပန်းများဖြစ်စေ၏။
သင်သည်ထိုနယ်မြေကိုပြန်လည်ရယူရန် ကြိုးစားပါမည်လော။ သင်၏ဘုရားခေမုရှ ပေးအပ်သမျှနယ်မြေကိုသင်သိမ်းပိုက်ထား နိုင်ပါ၏။ ငါတို့အတွက်ငါတို့ဘုရားသခင် ထာဝရဘုရားသိမ်းယူတော်မူသောနယ် မြေရှိသမျှကိုငါတို့သိမ်းပိုက်ထားမည်။-