လျင်မြန်စွာပြေးသူတို့သည်မလွတ်နိုင်။ စစ်သူရဲတို့သည်မလွတ်မြောက်နိုင်။ သူတို့သည်မြောက်ဘက်ဒေသ၊ဥဖရတ် မြစ် အနီးတွင်ခြေချော်၍လဲကြကုန်၏။
ခြေ လျင် တို့ ပြေး သွား ခွင့်၊ သူ ရဲ ကောင်း တို့ ဘေး လွတ် ခွင့် မ ရ စေ လင့်။ ဥ ဖ ရတ် မြစ် အ နီး၊ မြောက် ပိုင်း ၌၊ ထိ ခိုက် ကျ ဆုံး ကြ လေ ပြီ တ ကား။
လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီးသောသူကို မလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက်မျက်နှာ၌ ထိမိ၍ လဲကြလိမ့်မည်။
အပြေးမြန်သောသူလည်း ပြေးမလွတ်။ ခွန်အားကြီးသောသူလည်း မလွတ်မြောက်။ သူတို့သည် မြောက်အရပ် ယူဖရေးတီးမြစ်အနား၌ လဲကျသေဆုံးကြပြီတကား။
ယောရှိနန်းစံချိန်၌အီဂျစ်ဘုရင်နေခေါသည် အာရှုရိဘုရင်ကိုစစ်ကူပေးရန်တပ်မတော် နှင့်ဥဖရတ်မြစ်သို့ချီတက်လာ၏။ ယောရှိမင်း သည်အီဂျစ်တပ်မတော်ကိုမေဂိဒ္ဒေါမြို့တွင် ဆီး တားရန်ကြိုးစားရာစစ်ပွဲတွင်ကျဆုံးတော် မူ၏။-
အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
ဆိုးညစ်သူတို့ငါ့ကိုသတ်ရန်တိုက်ခိုက်ကြသော အခါ သူတို့သည်ခြေချော်၍လဲကြ၏။
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
လူအများပင်တိုက်မိ၍လဲကြလိမ့်မည်။ သူတို့သည်ယင်းသို့လဲကျကာကျိုးပဲ့၍ သွားကြလိမ့်မည်။ သူတို့သည်ကျော့ကွင်း တွင်မိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ကိုယ်တော်သည်ငါ့အား``ဤပြည်တွင် နေထိုင် သူအပေါင်းတို့အပေါ်သို့ မြောက်အရပ်မှ ဘေးအန္တရာယ်ဆိုက်ရောက်လာလိမ့်မည်။-
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည် စွမ်းရည်တန်ခိုးကြီးမားသောစစ်သည်တော် ကဲ့သို့ ကျွန်တော်မျိုးဘက်၌ရှိတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုနှိပ်စက်ညှင်းဆဲသူတို့ သည် ခြေချော်၍လဲကြပါလိမ့်မည်။ သူတို့သည်အဘယ်အခါမျှအနိုင် ရလိမ့်မည်မဟုတ်ပါ။ သူတို့သည်အောင်မြင်မှုမရနိုင်သဖြင့် အစဉ်ပင် အသရေပျက်ကြပါလိမ့်မည်။ သူတို့၏အသရေပျက်မှုသည်အဘယ်အခါ ၌မျှ မေ့ပျောက်သွားလိမ့်မည်မဟုတ်ပါ။
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ဇိအုန်မြို့ရှိရာသို့ရှေ့ရှုကြလော့။ ဘေးမဲ့လုံခြုံ ရာသို့ ပြေးကြလော့။ ဆုတ်ဆိုင်း၍မနေကြနှင့်။ ထာဝရဘုရားသည်ကြီးစွာသောပျက်စီး မှု ဘေးအန္တရာယ်ဆိုးကို မြောက်အရပ်မှဆောင်ယူလာတော်မူလိမ့် မည်။
ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
လူမျိုးတကာတို့သည်သင်တို့အရှက်ကွဲမှုကို ကြားသိကြလေပြီ။ သင်တို့ငိုကြွေးသံကိုလူတိုင်းကြားရကြ၏။ စစ်သူရဲသည်တစ်ဦးနှင့်တစ်ဦးတိုက်မိသဖြင့် နှစ်ဦးစလုံးမြေပေါ်သို့လဲကျကြလေပြီ။
သင်တို့၏စစ်သူရဲများသည်ခြေချော်၍လဲ ကြကုန်၏။ သူတို့တစ်ယောက်ကိုတစ်ယောက်`မြန်မြန်လာကြ။ ငါတို့သည်မိမိတို့နေရင်းပြည်သို့ပြန်ကြ ကုန်အံ့။ ရန်သူ၏ဋ္ဌားဘေးမှလွတ်မြောက်ရန်ပြေးကြ ကုန်အံ့' ဟုဆိုကြ၏။
မာန်မာနထောင်လွှားသည့်သင်တို့နိုင်ငံသည် ခြေချော်၍လဲလိမ့်မည်။ သင့်အားပြန်ထရန် အဘယ်သူမျှကူမလိမ့်မည်မဟုတ်။ ငါ သည်သင်တို့၏မြို့များကိုမီးလောင်ကျွမ်း စေမည်ဖြစ်၍ သင်တို့ပတ်လည်တွင်ရှိသမျှ သောအရာတို့သည်ပျက်စီးလိမ့်မည်'' ဟု မိန့်တော်မူ၏။
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
မင်းကြီးသည်မိမိ၏နိုင်ငံရှိခံတပ်သို့ပြန် သွားလိမ့်မည်။ သို့ရာတွင်သူသည်အရေး ရှုံးနိမ့်ကာကွယ်ပျောက်သွားလိမ့်မည်။
သူ့အားဆန့်ကျင်ဘက်ပြုသူသည်ဘုရားသခင်၏ယဇ်ပုရောဟိတ်မင်းပင်ဖြစ်စေကာ မူ ဖျက်ဆီးချေမှုန်းခြင်းကိုခံရလိမ့်မည်။-