မင်းကြီးနှင့်ပတ်သက်၍ဣသရေလအမျိုး သားတို့၏ဘုရားသခင်၊ ငါထာဝရဘုရား ဤသို့မိန့်တော်မူသည်။ သင်သည်ပညတ်တရား ကျမ်းစောင်တွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
ယေရမိ 37:7 - Common Language Bible `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။- Garrad Bible ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ ကို စစ် ကူ ရန် ချီ လာ သော ဖာ ရော မင်း ၏ အ လုံး အ ရင်း သည် ထွက် ခဲ့ ရာ အိ ဂျစ် ပြည် သို့ ပြန် ချီ ရ သ ဖြင့် ခါ လ ဒဲ တပ် သား တို့ လည်း၊ Judson Bible ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှာ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြောလော့။ သင်တို့ကိုစစ်ကူခြင်းငှာလာသော ဖာရောဘုရင်၏ဗိုလ်ခြေတို့သည် သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။ |
မင်းကြီးနှင့်ပတ်သက်၍ဣသရေလအမျိုး သားတို့၏ဘုရားသခင်၊ ငါထာဝရဘုရား ဤသို့မိန့်တော်မူသည်။ သင်သည်ပညတ်တရား ကျမ်းစောင်တွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
အီဂျစ်ပြည်မှပေးသောအကူအညီကား အချည်းနှီးပင်တည်း။ ထို့ကြောင့်ငါသည်၊ အီဂျစ်ပြည်အား`အဆိပ်မရှိသည့်နဂါး' ဟု နာမည်ပေးထားလေပြီ'' ဟုမိန့်တော်မူ၏။
သင်တို့သည်အီဂျစ်ပြည်၏အကူအညီကို စောင့်စားလျက်နေကြ၏။ သို့ရာတွင်ထိုပြည် ကိုအားကိုးခြင်းသည်ကျိုး၍လက်စူးတတ် သည့်ကူရိုးကိုတောင်ဝှေးအဖြစ်အသုံးပြု သည်နှင့်တူ၏။ အီဂျစ်ဘုရင်ကားမိမိတို့ မှီခိုအားကိုးသူရှိလာချိန်၌ကူရိုးနှင့် သာတူသတည်း'' ဟုပြော၏။
ယခုသင်သည်နိုင်းမြစ်ရေသောက်ရန်အီဂျစ်ပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။ ဥဖရတ်မြစ်ရေသောက်ရန်အာရှုရိပြည်သို့ သွားခြင်းဖြင့်အကျိုးရှိမည်ဟုထင်သလော။
သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။''
ဇေဒကိမင်းသည်မေလခိ၏သားပါရှုရ နှင့် မာသေယ၏သားဇေဖနိတို့ကိုငါ့ထံ သို့စေလွှတ်ပြီးလျှင်၊-
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
ဤအတောအတွင်း၌ဖာရောဘုရင်၏တပ် မတော်သည်အီဂျစ်ပြည်မှချီတက်၍လာ၏။ ယင်းသို့ချီတက်လာကြောင်းကိုကြားသိ ကြသောအခါ ယေရုရှလင်မြို့ကိုတိုက်ခိုက် လျက်နေသည့်ဗာဗုလုန်အမျိုးသားတို့သည် ဆုတ်ခွာသွားကြလေသည်။
ထိုအခါဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားကငါ့အား``ငါ့ ထံသို့စေလွှတ်လျှောက်ထားစေသူယုဒ ဘုရင်အား၊-
အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
ဗာဗုလုန်စစ်သည်တို့သည်လူများကိုသတ် ခြင်းငှာ မြေကတုတ်များလုပ်၍ကျုံးမြောင်း များတူးကြသောအခါ အင်အားကြီးမား သောဖာရောဘုရင်၏တပ်မတော်ပင်လျှင် ယုဒမင်းအားအကူအညီပေးနိုင်မည် မဟုတ်။-
ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-