ကွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူ၍ ကတိတော်အတိုင်းကွန်တော်မျိုးအား ကယ်တော်မူပါ။
ယေရမိ 37:20 - Common Language Bible အရှင်မင်းကြီး၊ အကျွန်ုပ်၏စကားကိုနား ထောင်တော်မူ၍ အကျွန်ုပ်လျှောက်ထားသည့် အတိုင်းပြုတော်မူရန်အကျွန်ုပ်ပန်ကြား ပါ၏။ အကျွန်ုပ်အားအရှင်၏အတိုင်ပင်ခံ အမတ်ယောနသန်၏အိမ်သို့ပြန်လွှတ် တော်မမူပါနှင့်။ လွှတ်တော်မူမည်ဆိုပါ မူအကျွန်ုပ်သည်ထိုအိမ်တွင်အမှန်ပင် သေရပါလိမ့်မည်'' ဟုလျှောက်၏။ Garrad Bible အို အ ရှင် ဘု ရင် မင်း မြတ်၊ ကျွန်ုပ် သည် သံ တော် ဆင့် တိုက် အိမ် သို့ ပြန် ကျ ၍ မ သေ ရ မည့် အ ကြောင်း၊ မေ တ္တာ ရပ် ခံ ချက် ကို နား ညောင်း တော် မူ ပါ ဟု၊ တင် လျှောက် သည့် အ တိုင်း၊ Judson Bible သို့ဖြစ်၍၊ အကျွန်ုပ်သခင် အရှင်မင်းကြီး၊ နားထောင်တော်မူပါ၊ အကျွန်ုပ်တောင်းပန်သောစကားကို နားခံတော်မူပါ။ အကျွန်ုပ်ကို သေစေခြင်းငှာ၊ စာရေးတော်ယောနသန်အိမ်သို့ ပြန်စေတော်မမူပါနှင့်ဟု ဇေဒကိမင်းကြီးကိုလျှောက်ဆို၏။ မြန်မာ့စံမီသမ္မာကျမ်း အို အကျွန်ုပ်၏အရှင်မင်းကြီး၊ အကျွန်ုပ်တောင်းဆိုသည်ကို နားထောင်၍ လိုက်လျောပေးပါ။ အကျွန်ုပ်ကို စာရေးတော်ကြီးယောနသန်၏အိမ်သို့ ပြန်မပို့ပါနှင့်။ ပြန်ပို့လျှင် ထိုအိမ်၌ အကျွန်ုပ်သေရပါလိမ့်မည်”ဟု လျှောက်ဆိုလေ၏။ |
ကွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို ကြားတော်မူ၍ ကတိတော်အတိုင်းကွန်တော်မျိုးအား ကယ်တော်မူပါ။
သို့ရာတွင်အကယ်၍ငါ့အားသတ်မည်ဆို လျှင် သင်တို့နှင့်ဤမြို့သူမြို့သားအပေါင်း တို့သည် အပြစ်မဲ့သူတစ်ဦးကိုသတ်သည့် အတွက်အပြစ်သင့်ကြလိမ့်မည်ဖြစ်ကြောင်း အသေအချာသိမှတ်ကြလော့။ အဘယ် ကြောင့်ဆိုသော်ငါ့ကိုစေလွှတ်၍ သင်တို့အား ဤစကားများကိုပြောဆိုစေသောအရှင် မှာထာဝရဘုရားပင်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။
ထာဝရဘုရားသည်ဤလူတို့အားထိတ် လန့်တုန်လှုပ်ဖွယ်ကောင်းသည့်အမျက်တော် ဖြင့်ခြိမ်းခြောက်တော်မူပြီဖြစ်၍ လူတို့သည် မိမိတို့အကျင့်ဆိုးများကိုစွန့်ပစ်ကာ ထာဝရဘုရားထံတော်သို့ဆုတောင်း ပတ္ထနာပြုကောင်းပြုကြပေလိမ့်မည်'' ဟု ညွှန်ကြားပြောဆို၏။-
သို့သော်လည်းသင်သည်မိမိအသက်မသေ ရလေအောင်ယောနသန်၏အိမ်သို့ပြန်၍ပို့ တော်မမူပါနှင့်ဟူ၍သာလျှင်ငါ့အားပန် ကြားလျှောက်ထားခဲ့ကြောင်းသူတို့ကိုပြော ကြားပါလော့'' ဟုဆို၏။-
ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-