ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ သင်သည်အသက်ရှင်သမျှကာလပတ်လုံး ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။
ယေရမိ 31:23 - Common Language Bible ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုး ရှင်ထာဝရဘုရားက``ဤလူတို့အားမိမိ တို့ပြည်သို့ငါပြန်လည်ပို့ဆောင်သောအခါ၊ `ထာဝရဘုရားသည်မိမိကျိန်းဝပ်တော်မူ သည့် သန့်ရှင်းရာဌာနတော်တည်းဟူသော ယေရုရှလင်တောင်တော်ကိုကောင်းချီး ပေးတော်မူပါစေသတည်း' ဟု သူတို့သည်ယုဒပြည်မြို့ရွာများ၌တစ်ဖန် ပြန်လည် မြွက်ဆိုကြလိမ့်မည်။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ သုံ့ ပန်း ခံ ရ သူ တို့ ကို ငါ ပြန် လာ စေ သည့် ကာ လ၊ အို ဖြောင့် မတ် သော နေ ရာ တော်၊ အို သန့် ရှင်း သော တောင် တော်၊ ထာ ဝ ရ ဘု ရား သည်၊ ကောင်း ကြီး မင်္ဂ လာ ပေး တော် မူ ပါ စေ သော ဟူ ၍၊ ယု ဒ ပြည် နှင့် မြို့ ရွာ များ ၌ ဆို ရိုး ရှိ မည့် ပြင်၊ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ်ခြင်း နေရာအရပ်၊ အို သန့်ရှင်းခြင်းနေရာတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူစေသတည်း ဟူသောစကားကို တစ်ဖန် သုံးကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဖမ်းခေါ်သွားခြင်းခံရသော သူတို့ကို ငါပြန်ခေါ်လာသောအခါ ယုဒပြည်၊ ယုဒမြို့ရွာတို့တွင် ‘အို ဖြောင့်မတ်ခြင်းတည်ရာ သန့်ရှင်းသောတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူပါစေ’ဟူသော ဤစကားကို တစ်ဖန် ပြောဆိုကြလိမ့်မည်။ |
ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ သင်သည်အသက်ရှင်သမျှကာလပတ်လုံး ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။
``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။ ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍ အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်ဇိအုန်တောင်တော်ပေါ်မှ သင်တို့ကိုကောင်းချီးပေးတော်မူပါစေသော။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏လူစုတော်အားကယ်တော်မူပါ။ ကိုယ်တော်ရှင်ပိုင်တော်မူသောသူတို့အား ကောင်းချီးပေးတော်မူပါ။ သူတို့အားသိုးထိန်းသဖွယ်ထာဝစဉ်ကြည့်ရှု စောင့်ရှောက်တော်မူပါ။
အခါတစ်ပါးကသစ္စာရှိခဲ့သောမြို့သည် ယခုအခါပြည့်တန်ဆာအသွင်ကိုဆောင်လျက်နေပါသည်တကား၊ အခါတစ်ပါးကထိုမြို့တွင်သူတော်ကောင်းများနေထိုင်ခဲ့သော်လည်း ယခုအခါ၌သူသတ်သမားများသာလျှင်ကျန်ရှိနေတော့၏။-
ရှေးအခါကဲ့သို့သင့်အားခေါင်းဆောင်များနှင့် အတိုင်ပင်ခံအမတ်များကိုငါပေးမည်။ ထိုအခါယေရုရှလင်မြို့ကိုသူတော်ကောင်းတရားပြည့်ဝသည့်မြို့၊ သစ္စာရှိသည့်မြို့ဟုခေါ်ဝေါ်သမုတ်ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။-
ထာဝရဘုရားသည်အလွန်ကြီးမြတ်တော် မူပါသည်တကား။ ကိုယ်တော်သည်ခပ်သိမ်း သောအရာတို့ကိုအစိုးရတော်မူပါ၏။ ယေရုရှလင်မြို့ကိုတရားမျှတမှုနှင့် သော်လည်းကောင်း၊ ဖြောင့်မတ်ခြင်းဖြင့်သော် လည်းကောင်းပြည့်ဝစေတော်မူ၍၊-
သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။
သင်တို့သည်အမှန်ပင်ငါ့ကိုတွေ့ရှိကြလိမ့် မည်ဟူ၍လည်းကောင်း၊ ငါသည်လည်းသင်တို့ အားမိမိတို့ပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဟူ၍လည်းကောင်းငါဆို၏။ ငါသည်သင် တို့အားမိမိကွဲလွင့်စေခဲ့သည့်နိုင်ငံတကာ အရပ်တကာတို့မှပြန်လည်စုသိမ်းမည်။ ထို နောက်သင်တို့အားသုံ့ပန်းအဖြစ်ငါအဖမ်း ခံစေခဲ့ရသည့်ပြည်သို့ပြန်လည်ပို့ဆောင် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏' ဟူ၍လည်းမိန့်တော် မူ၏။
ထာဝရဘုရားက၊ ``ငါသည်ယာကုပ်အမျိုး၏တဲကိုပြန်လည် ကြွယ်ဝစေမည်။ ပြန်လည်ပို့ဆောင်မည်။ သူတို့၏အိမ်ထောင်စုမှန်သမျှကိုကရုဏာ ထားမည်။ ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်၍ နန်းတော်ကိုလည်းပြန်လည်တည်ဆောက် ရကြလိမ့်မည်။
လူတို့သည်လယ်ယာများကိုဝယ်ယူကာ စာ ချုပ်များကိုအသိသက်သေတို့ရှေ့တွင်လက် မှတ်ရေးထိုး၍ချိပ်တံဆိပ်ခတ်နှိပ်ကြလိမ့် မည်။ သူတို့သည်ဤအမှုတို့ကိုဗင်္ယာမိန်နယ် နှင့်ယေရုရှလင်မြို့နီးနားပတ်ဝန်းကျင်ရှိ ကျေးရွာများ၌လည်းကောင်း၊ ယုဒမြို့ရွာ များ၊ တောင်ပေါ်ဒေသ၊ တောင်ခြေဒေသနှင့် တောင်ဘက်ယုဒပြည်၌လည်းကောင်းပြု ကြလိမ့်မည်။ ငါသည်လူတို့အားမိမိတို့ ပြည်သို့ပြန်လည်ပို့ဆောင်မည်။ ငါထာဝရ ဘုရားမိန့်တော်မူ၏'' ဟုမိန့်မြွက်တော် မူ၏။
သူတို့သည်မိမိတို့နှင့်ကြုံတွေ့ရသူလူ အပေါင်းတို့၏တိုက်ခိုက်မှုကိုခံရကြ၏။ သူတို့၏ရန်သူများက`ထိုသူတို့သည် ထာဝရဘုရားကိုပြစ်မှားကြသည်ဖြစ်၍ သူတို့အားငါတို့ပြုသည့်အမှုသည်မမှား။ သူတို့၏ဘိုးဘေးများသည်ထာဝရဘုရား ကိုယုံကြည်ကိုးစားခဲ့သူများဖြစ်သဖြင့် သူတို့ကိုယ်တိုင်သည်လည်းကိုယ်တော်အား သစ္စာစောင့်သင့်ကြပေသည်' ဟုဆိုကြ၏။
``သို့ရာတွင်၊ဇိအုန်တောင်တော်ပေါ်တွင်ဘေး လွတ်သူလူအချို့ရှိလိမ့်မည်။ ထိုတောင်တော်သည်သန့်ရှင်းမြင့်မြတ်ရာ အရပ်ဖြစ်လိမ့်မည်။ ယာကုပ်၏မျိုးဆက်တို့သည်မိမိတို့ ပိုင်ဆိုင်ခွင့်ရှိသည်။ ပြည်တော်ကိုအပိုင်ရကြလိမ့်မည်။
နောင်ကာလတွင် ဗိမာန်တော်တည်ရာတောင်သည် အမြင့်ဆုံးတောင်ဖြစ်လိမ့်မည်။ ရှိသမျှသောတောင်တို့ထက်ပိုမို၍မြင့်မား လိမ့်မည်။ လူမျိုးများစွာတို့သည်ထိုတောင်သို့စုရုံး ရောက်ရှိလာ၍၊
ငါသည်မိမိ၏သန့်ရှင်းမြင့်မြတ်သည့်မြို့ တော်ယေရုရှလင်သို့ပြန်လာမည်။ ထိုမြို့ တွင်ကျိန်းဝပ်တော်မူမည်။ ထိုမြို့သည်သစ္စာ ရှိသောမြို့ဟူ၍လည်းကောင်း၊ အနန္တတန်ခိုး ရှင်ထာဝရဘုရား၏တောင်တော်သည်သန့် ရှင်းမြင့်မြတ်သည့်တောင်ဟူ၍လည်းကောင်း နာမည်တွင်လိမ့်မည်။-''
အချိန်အနည်းငယ်ကြာသောအခါ ဗောဇ ကိုယ်တိုင်ပင်ဗက်လင်မြို့မှရောက်ရှိလာလျက် မိမိ၏အလုပ်သမားများအား``ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ ပါစေသော'' ဟုဆို၍နှုတ်ဆက်၏။ ကောက်ရိတ်သမားများက``ထာဝရဘုရား သည် အရှင့်အားကောင်းချီးပေးတော်မူပါစေ သော'' ဟုပြန်ပြောကြ၏။