ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
ယေရမိ 2:37 - Common Language Bible သင်သည်အရှက်ကွဲလျက်ခေါင်းငိုက်စိုက်နှင့် အီဂျစ်ပြည်မှပြန်လာရလိမ့်မည်။ ငါထာဝရ ဘုရားသည်သင်အားကိုးသူတို့ကိုပစ်ပယ် တော်မူပြီ။ သူတို့ထံမှသင်သည်အဘယ် အကျိုးကိုမျှရရှိလိမ့်မည်မဟုတ်။'' Garrad Bible သင် မှီ ခို ရာ မှီ ခို ကြောင်း များ ကို၊ ငါ ထာ ဝ ရ ဘု ရား စွန့် ပယ် သည့် အ လျောက်၊ အ ကြံ မ မြောက် သော ကြောင့်၊ ထို ပြည် မှ ပင်၊ ထိပ် ထက် လက် တင်၍ သင် ထွက် သွား ရ လိမ့် သ တည်း ဟု မိန့် တော် မူ ၏။ Judson Bible သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာတင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရဘုရားသည်ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် မိမိခေါင်းပေါ်၌ လက်ကိုတင်လျက် ထိုပြည်မှထွက်သွားရလိမ့်မည်။ ထာဝရဘုရားသည် သင်ကိုးစားသောသူတို့ကို ပယ်တော်မူပြီဖြစ်၍ သင်သည် သူတို့အားဖြင့် ကောင်းစားလိမ့်မည်မဟုတ်။ |
ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
သူသည်မိမိ၏ဦးခေါင်းကိုပြာလူး၍ဝတ် လုံကိုလည်းဆုတ်ဖြဲကာ မျက်နှာကိုလက်ဖြင့် အုပ်၍ငိုယိုလျက်ထွက်ခွာသွားလေသည်။-
ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
သင်တို့သည်သေမင်းနှင့်ချုပ်ဆိုထားသည့်စာ ချုပ်ကိုပယ်ဖျက်၍ မရဏနိုင်ငံနှင့်ရရှိထား သည့်သဘောတူညီမှုကိုလည်းရုပ်သိမ်းရ ကြလိမ့်မည်။ ရန်သူများချင်းနင်းဝင်ရောက် လာသောအခါ သင်တို့သည်အရေးရှုံးနိမ့် ကြလိမ့်မည်။-
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
မိုးခေါင်သဖြင့်မြေကြီးသည်ခြောက်ကပ် လျက်နေ၏။ လယ်သမားတို့သည်စိတ်မချမ်းမသာသော ကြောင့် ဦးခေါင်းခြုံ၍နေကြ၏။
ထာဝရဘုရားက၊ ``လူကိုလည်းကောင်း၊သေမျိုးဖြစ်သောသူ၏ စွမ်းရည်ကိုလည်းကောင်းယုံကြည်ကိုးစား၍၊ ငါ့ကိုကျောခိုင်းသူအားငါကျိန်စာသင့်စေမည်။
သင်တို့သည်အခြားနိုင်ငံဘုရားများဆည်း ကပ်သောအားဖြင့်၊ မိမိကိုယ်ကိုတန်ဖိုးကျ စေသည့်အာရှုရိပြည်သည်သင့်အားအကူ အညီပေးရန်ပျက်ကွက်သကဲ့သို့ အီဂျစ် ပြည်သည်လည်းပျက်ကွက်လိမ့်မည်။-
ယေရုရှလင်မြို့သားတို့၊သင်တို့၏မဟာမိတ် များသည် အရေးရှုံးနိမ့်ကြလေပြီ။ သို့ဖြစ်၍သင်တို့သည်လေဗနုန်တောင်ထိပ်သို့ တက်၍ ကြွေးကြော်ကြလော့။ ဗာရှန်ပြည်သို့သွား၍အော်ဟစ်ကြလော့။ မောဘပြည်တောင်များပေါ်မှအသံကို လွှင့်လော့။
``ဤသူသည်သားမဲ့သမီးမဲ့သူဟူ၍ အပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီ။ အဘယ်အခါ၌မျှမအောင်မြင်သူဟူ၍ဖြစ် လိမ့်မည်။ ဒါဝိဒ်မင်းကိုဆက်ခံရန်ယုဒပြည်တွင်စိုးစံ နိုင်မည့် သားမြေးများကိုမရရှိနိုင်ဖြစ်ရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကား ဖြစ်၏'' ဟုမိန့်တော်မူလေပြီ။
ဇေဒကိသည်ဗာဗုလုန်မြို့သို့ခေါ်ဆောင်ခြင်း ကိုခံရ၍ သူ့အားငါမစီရင်မချင်းထိုမြို့ တွင်နေရလိမ့်မည်။ သူသည်ဗာဗုလုန်အမျိုး သားတို့အားပြန်လှန်၍ပင်တိုက်ခိုက်စေကာ မူအောင်မြင်လိမ့်မည်မဟုတ်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကားဖြစ်၏ ဟုမိန့်တော်မူကြောင်းအဘယ့်ကြောင့်ဟော ပြောကြေညာရသနည်း'' ဟုပြစ်တင် စွပ်စွဲ၏။
ငါတို့သည်အဘယ်အခါ၌မျှမပေါ်လာသည့် အကူအညီကိုစောင့်မျှော်နေခဲ့ကြ၏။ ငါတို့သည်အဘယ်သို့မျှအကူအညီမပေး နိုင်သည့် နိုင်ငံမှအကူအညီကို ဆက်လက်စောင့်မျှော်ခဲ့ကြ၏။
သို့ရာတွင်မောရှေက``သင်တို့အဘယ်ကြောင့် ထာဝရဘုရား၏အမိန့်တော်ကို ယခုမနာ ခံကြသနည်း။ သင်တို့အကြံအောင်မြင်မည် မဟုတ်။-