သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
ယေရမိ 15:11 - Common Language Bible ထာဝရဘုရားက``ငါသည်ကောင်းကျိုး ရစေအံ့ငှာသင့်ကိုကယ်ဆယ်မည်။ ဘေး အန္တရာယ်ပူပင်သောကရောက်သောအချိန် တွင် သင်၏ရန်သူတို့သည်အထံတော်သို့ လျှောက်လဲပန်ကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။- Garrad Bible ထို့ နောက် ထာ ဝ ရ ဘု ရား က၊ ကောင်း စား အံ့ သော ငှာ၊ သင့် ကို ငါ မု ချ အား ပေး မည်။ ဘေး သင့် ၍ ဒု က္ခ ရောက် သည့် ကာ လ ၌ လည်း၊ သင့် ထံ ရန် သူ တို့ တောင်း ပန် စေ ဦး မည် ဟု မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သောကာလ၊ ညှဉ်းဆဲခြင်းကိုခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာတောင်းပန်မည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အကယ်စင်စစ် သင်၏ကောင်းကျိုးချမ်းသာအတွက် သင့်ကို ငါကယ်တင်မည်။ ဘေးရောက်ချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ရန်သူတို့က သင့်ကို တောင်းပန်လာစေရမည်။ |
သူတို့အားဖမ်းဆီးချုပ်နှောင်ထားကြသူတို့၏ စိတ်နှလုံးတွင်သနားတတ်သောသဘောကို သွင်းပေးတော်မူ၏။
ကိုယ်တော်ရှင်အားကျွန်တော်မျိုးဟစ်ခေါ်သော အခါ ကိုယ်တော်ရှင်သည်ထူးတော်မူ၍ကျွန်တော်မျိုးအား အားသစ်လောင်းတော်မူပါ၏။
လူကျင့်သောအကျင့်တို့ကို ထာဝရဘုရားသည် နှစ်သက်သောအခါ၊ ထိုသူ၏ရန်သူကိုပင် သူနှင့်သင့်တင့် စေတော်မူ၏။
ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
ဇေဒကိမင်းသည်ငါ့အားဗိမာန်တော်တတိယ မုခ်ဆောင်ခန်းသို့ခေါ်ယူစေပြီးလျှင်``သင့်အား မေးခွန်းတစ်ခုကိုငါမေးမည်။ ငါ၏ထံမှမည် သည့်အရာကိုမျှထိမ်ဝှက်၍မထားနှင့်'' ဟု ဆို၏။
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-