ထိုနောက်ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်း သို့ဝင်၍မိမိ၏သန့်စင်မှုအတွက်ယဇ်ကို ပူဇော်ရမည်။ သို့မှသာလျှင်သူသည်ဗိမာန် တော်တွင်ပြန်၍အမှုတော်ထမ်းဆောင်နိုင် မည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
အ မှု တော် ကို ဆောင် ရွက် ရန် အ တွင်း တံ တိုင်း၊ သန့် ရှင်း ရာ ဌာ န တော် ထဲ သို့ ဝင် သွား သော်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ကိုယ် ပြစ် ဖြေ ရာ သ က္ကာ ကို ဆက် ကပ် ရ မည်။
သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှာ အတွင်းတံတိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့နောက် သူသည် သန့်ရှင်းရာဌာနတော်တွင် အမှုထမ်းဆောင်ရန် အတွင်းဝင်းရှိသန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင် အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။-
တစ်စုံတစ်ယောက်သောသူသည် လူ့ကိုယ်ခန္ဓာ၏ အညစ်အကြေးတစ်မျိုးမျိုးကို အမှတ်မထင် ထိကိုင်မိလျှင် ထိကိုင်မိကြောင်းသိလျှင်သိ ချင်း သူသည်အပြစ်ကူးလွန်ရာရောက်သည်။
အပြစ်ဒဏ်အတွက်သူသည် ထာဝရဘုရား ထံတော်သို့သိုးမသို့မဟုတ်ဆိတ်မကိုယဇ် ပူဇော်ရန်ယူဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ် သည် ထိုသူ၏အပြစ်အတွက်ယဇ်ကောင်ကို ပူဇော်ရမည်။