လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
ယေဇကျေလ 43:3 - Common Language Bible ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။- Garrad Bible ထို ရူ ပါ ရုံ သည်၊ မြို့ တော် ကို ဖျက် ဆီး ရန် ကြွ ရောက် ရာ၌၊ ငါ ဖူး မြင် ခဲ့ သော ရူ ပါ ရုံ ခေ ဗာ မြစ် အ နီး ငါ ဖူး မြင် ခဲ့ သော ရူ ပါ ရုံ များ နှင့် တူ သ ဖြင့် ပျပ် ဝပ် လျက် နေ ရာ၊ Judson Bible ငါမြင်သော ရူပါရုံသည် မြို့တော်ကိုဖျက်ဆီးခြင်းငှာ လာသောအခါ၊ ငါမြင်သော ရူပါရုံနှင့်တူ၏။ ထင်ရှားသောအရာတို့သည် ခေဗာမြစ်နားမှာ ငါမြင်ဖူးသော အရာများကဲ့သို့ဖြစ်၍၊ ငါသည် ပျပ်ဝပ်လျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။ |
လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ငါသည်ချိုင့်ဝှမ်းထဲသို့သွားရာ ခေဗာမြစ်အနီးတွင်ငါဖူးမြင်ရသကဲ့ သို့ ထိုအရပ်တွင်ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုဖူးမြင်ရ၏။ ငါသည်မြေပေါ် သို့လှဲချပျပ်ဝပ်လိုက်၏။-
ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ပြည်မှ မြောက်မြားစွာသောလူအပေါင်းတို့အတွက် ငိုကြွေးမြည်တမ်းလော့။ သူမကိုအခြားတန် ခိုးကြီးသူလူမျိုးများ၏သမီးပျိုများ နှင့်အတူ မရဏာနိုင်ငံသို့ပို့ဆောင်လော့။
ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
ငါသည်ခေဗာမြစ်အနီးဗျာဒိတ်ရူပါရုံတွင်မြင်ရသည်နည်းတူ ဤအရပ်တွင်လည်းဣသရေလအမျိုးသားတို့၏ဘုရားသခင်၏ဘုန်းအသရေတော်ကိုမြင်ရ၏။-
ထိုနောက်ဘုရားသခင်က``ယေရုရှလင်မြို့ ကိုစောင့်နေသူတို့လာကြလော့။ သင်တို့နှင့် အတူလက်နက်များကိုလည်းယူခဲ့ကြ လော့'' ဟုကျယ်သောအသံနှင့် မိန့်တော်မူ သည်ကိုငါကြားရ၏။-
သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။
ထိုအခါဣသရေလအမျိုးသားတို့ ကိုး ကွယ်သောဘုရားသခင်၏တောက်ပသော ဘုန်းအသရေတော်သည် ကျိန်းဝပ်တော်မူ ရာခေရုဗိမ်များမှလျှံတက်လျက်ဗိမာန် တော်အဝင်ဝသို့ရွေ့လျားသွားတော်မူ၏။ ထာဝရဘုရားသည်ပိတ်ချောထည်ကိုဝတ် ဆင်ထား၍ စာရေးကိရိယာကိုယူဆောင် လာသူအားခေါ်တော်မူ၍၊-
ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။-