ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူသည့် အတိုင်းဟောပြော၏။ ယင်းသို့ဟောပြောနေ စဉ်တချွတ်ချွတ်မြည်သံကိုငါကြားရ၏။ ထိုနောက်အရိုးတို့သည်တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကြ၏။-
ယေဇကျေလ 37:8 - Common Language Bible ယင်းတို့ကိုငါကြည့်လျက်နေစဉ်ပင်အရိုး တို့အပေါ်မှာ အကြောများပေါ်လာ၍ အသားတက်လျက်အရေဖုံးလေ၏။ သို့ ရာတွင်အသက်မရှိသေး။ Garrad Bible အ ကြော ရောက် လျက်၊ အ သား တက် လျက်၊ အ ရေ ဖုံး လျက် ရှိ သည် ကို မြင် ရာ တွင်၊ ရှူ သက် မ ရှိ သေး ချေ။ Judson Bible ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတတ်၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။ မြန်မာ့စံမီသမ္မာကျမ်း ငါကြည့်နေစဉ် အရိုးတို့တွင် အရွတ်များ၊ အသားများ တက်လာ၍ ၎င်းတို့အပေါ်တွင် အရေပြားဖုံးလွှမ်းသွားသည်ကို မြင်လေ၏။ သို့သော် ထွက်သက်ဝင်သက် မရှိသေး။ |
ထို့ကြောင့်ငါသည်ကိုယ်တော်မိန့်တော်မူသည့် အတိုင်းဟောပြော၏။ ယင်းသို့ဟောပြောနေ စဉ်တချွတ်ချွတ်မြည်သံကိုငါကြားရ၏။ ထိုနောက်အရိုးတို့သည်တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကြ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ လေအားဟောပြောလော့။ အရပ်ရှစ်မျက်နှာ မှတိုက်ခတ်လာကာဤလူသေကောင်များ ပြန်၍အသက်ရှင်စေရန် ထွက်သက်ဝင်သက် လေကိုမှုတ်သွင်းရန်အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းလေအားဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။