တရားမျှတမှုသည်ထာဝရဘုရား၏ ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။
ယေဇကျေလ 36:30 - Common Language Bible ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။- Judson Bible သင်တို့သည် မွတ်သိပ်၍ တစ်ပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။ မြန်မာ့စံမီသမ္မာကျမ်း သစ်သီးဝလံနှင့် ကောက်ပဲသီးနှံတို့ကို ပေါကြွယ်ဝစေမည်။ သို့မှ အငတ်ဘေးကြောင့် လူမျိုးခြားတို့ကဲ့ရဲ့ခြင်းကို သင်တို့ကြုံရတော့မည်မဟုတ်။ |
တရားမျှတမှုသည်ထာဝရဘုရား၏ ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။
သူတို့သည်လာ၍ဇိအုန်တောင်ပေါ်တွင် ဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ ငါချပေးသည့်ကျေးဇူးများဖြစ်သော ဂျုံ၊စပါး၊စပျစ်ရည်၊ဆီ၊သိုးငယ်များနှင့်ကျွဲနွား များဖြင့်၊ ရွှင်လန်းဝမ်းမြောက်လျက်နေကြလိမ့်မည်။ သူတို့သည်ရေကိုကောင်းစွာရရှိသည့် ဥယျာဉ်ကဲ့သို့ဖြစ်၍ နောင်အဘယ်အခါ၌မျှဝမ်းနည်းပူဆွေး ကြရလိမ့်မည်မဟုတ်။
နိုင်ငံရပ်ခြားများမှ စုသိမ်းပြီးလျှင်သူ တို့အား မိမိတို့နေရင်းပြည်သို့ပြန်လည် ခေါ်ခဲ့မည်။ ငါသည်သူတို့အားဣသရေလ တောင်များနှင့်မြစ်ချောင်းများသို့ပို့ဆောင် ၍သာယာသောစားကျက်များ၌ကျွေး မွေးမည်။-
တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
ယဇ်ပလ္လင်နှင့်ဗိမာန်တော်အဝင်ဝစပ်ကြား၌ ထာဝရဘုရား၏ အမှုတော်ကိုထမ်းဆောင်ရသူ ယဇ်ပုရောဟိတ်များသည်ငိုကြွေးလျက်၊ ``အို ထာဝရဘုရား ကိုယ်တော်ရှင်၏လူမျိုးတော်ကိုသနားတော်မူပါ။ `သူတို့၏ဘုရားသခင်သည်အဘယ်မှာနည်း' ဟုဆိုကာလူမျိုးခြားများသည် ကျွန်တော်မျိုးတို့အားကဲ့ရဲ့ပြောင်လှောင် စေတော်မမူပါနှင့်'' ဟု ဆုတောင်းပတ္ထနာပြုကြရပေမည်။
ကိုယ်တော်သည်သူတို့အား``ယခုငါသည် သင်တို့အား ဂျုံဆန်၊စပျစ်ရည်နှင့်သံလွင်ဆီကို ပေးတော်မူမည်ဖြစ်၍၊ သင်တို့သည်ရောင့်ရဲလျက်နေကြလိမ့်မည်။ အခြားအမျိုးသားများသည်လည်းသင်တို့ အား ကဲ့ရဲ့ကြတော့မည်မဟုတ်။
ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
ငါသည်အချိန်တန်သောအခါမိုးကိုရွာစေ သဖြင့် လယ်များမှအသီးအနှံထွက်လျက် သစ်သီးပင်များမှအသီးသီးကြလိမ့်မည်။-