မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
ယေဇကျေလ 21:9 - Common Language Bible ကိုယ်တော်က``အချင်းလူသား၊ ဗျာဒိတ်တော် ကိုဆင့်ဆိုလော့။ ငါထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုလူတို့အားဆင့်ဆို ရမည်မှာ၊ ``ဋ္ဌားတော်ကိုထက်အောင်သွေးထားပြီး။ ဋ္ဌားတော်ကိုပြောင်လက်အောင်တိုက်ချွတ် ထားပြီ။ Garrad Bible အ ချင်း လူ့ သား၊ ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကို ဟော ပြော ဆင့် ဆို လော့။ ဓား တော်၊ ဓား တော် ရှိ၏။ သွေး ကျင်း ကို တိုက် ပွတ် လျက် ရှိ ပြီ။ Judson Bible အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ဓားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။ မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ ပရောဖက်ပြု၍ ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်က ‘ဓားတစ်လက်ရှိ၏။ ထိုဓားကိုထက်အောင်၊ ပြောင်လက်အောင် သွေးထားလေပြီ။ |
မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။
ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။
သို့ရာတွင်ထိုဋ္ဌားတော်သည်ငါပေးအပ်ထား သည့် အလုပ်ရှိသဖြင့် အဘယ်သို့လျှင်ငြိမ်သက်စွာနေနိုင်မည်နည်း။ အာရှကေလုန်မြို့နှင့်ပင်လယ်ကမ်းခြေတွင် နေထိုင်သော လူတို့အား၊တိုက်ခိုက်ရန်ထိုဋ္ဌားတော်ကိုငါ အမိန့်ပေးတော်မူလေပြီ'' ဟုမိန့်တော်မူ၏။
ယင်းသည်ငါ၏လူမျိုးတော်အားနှလုံးတုန် စေ၍ ယိမ်းယိုင်ပြိုလဲစေ၏။ လျှပ်ပြက်သကဲ့ သို့ပြောင်လက်၍ခုတ်ဖြတ်ရန်အသင့်ရှိသော ဋ္ဌားဖြင့် ငါသည်သူတို့၏မြို့တံခါးတို့တွင် သတ်ဖြတ်ရန်ထိုဋ္ဌားကိုထားရှိမည်။-
``အချင်းလူသား၊ ဗျာဒိတ်တော်ကိုဆင့်ဆို လော့။ ဣသရေလအမျိုးသားတို့အားစော် ကားသည့်အမ္မုန်ပြည်သားတို့အားငါအရှင် ထာဝရဘုရားအဘယ်သို့မိန့်တော်မူ ကြောင်းကိုကြေညာလော့။'' ``ဖျက်ဆီးသုတ်သင်ရန်ဋ္ဌားတော်ကို အသင့်ထားလေပြီ။ ဋ္ဌားကိုအသင့်ထားလေပြီ။ သတ်ဖြတ်ရန်ထိုဋ္ဌားတော်ကိုတိုက်ချွတ်ထား၏။ လျှပ်ပြက်သကဲ့သို့ပြောင်လက်အောင် တိုက်ချွတ်ထား၏'' ဟုသူတို့အားဆင့်ဆိုလော့။
လူတို့အားငါထာဝရဘုရားသည်သူတို့ ၏ရန်သူဖြစ်ကြောင်း ငါ၏ဋ္ဌားလွယ်အိမ်မှ ဋ္ဌားတော်ကိုထုတ်ယူ၍ သူတို့အပေါင်းအား လူဆိုးလူကောင်းမရွေးသုတ်သင်ပစ်မည် ဖြစ်ကြောင်း၊-
ယင်းသို့လူဆိုးလူကောင်းမရွေးသုတ်သင် ပစ်ရန် ငါသည်မြောက်အရပ်မှနေ၍တောင် အရပ်သို့တိုင်အောင် ရှိသမျှသောလူတို့ ကိုဋ္ဌားတော်ဖြင့်စီရင်မည်ဖြစ်ကြောင်း၊-
ရန်သူများဖမ်းသွားခံရလျှင် လည်းသူတို့ ကိုသတ်ပစ်လိုက်ရန်ငါစေခိုင်းမည်။ ငါသည် သူတို့ကိုမကူညီဘဲ ဖျက်ဆီးပစ်ရန် သန္နိဋ္ဌာန်ချလိုက်ပြီ'' ဟုမိန့်တော်မူ၏။