ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာဗောဇကတ်မြို့သားအဒါ ယ၏သမီးယေဒိဒဖြစ်၏။-
ယေဇကျေလ 18:14 - Common Language Bible ``ယခုထိုသူ၌သားတစ်ယောက်ရှိသည်ဆို အံ့။ ထိုသားသည်မိမိဖခင်ပြုကျင့်ခဲ့သည့် ဒုစရိုက်တို့ကိုမြင်သော်လည်းဖခင်ကို အတုမခိုး။- Garrad Bible အ ကယ်၍ သူ ရ သော သား သည်၊ အ ဖ ပြု သော ပြစ် မှု များ ကို သိ မြင်၍ ကြောက် ရွံ့ သ ဖြင့်၊ အ ဖ အ လိုက်၊ Judson Bible သို့ရာတွင်၊ ထိုသူ၏သားသည် အဘပြုသမျှသော ဒုစရိုက်တို့ကို မြင်၍ဆင်ခြင်သဖြင့်၊ ထိုသို့သော အမှုတို့ကိုမပြု၊ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုဖခင်၏သားသည် မိမိဖခင်ကျူးလွန်သောအပြစ်ရှိသမျှတို့ကိုမြင်၏။ သူသည် ဆင်ခြင်၍ ထိုသို့သောအမှုတို့ကိုမပြု။ |
ယောရှိသည်အသက်ရှစ်နှစ်ရှိသောအခါ ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင် မြို့တွင်သုံးဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာဗောဇကတ်မြို့သားအဒါ ယ၏သမီးယေဒိဒဖြစ်၏။-
ယောရှိသည်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။ သူသည်မိမိ၏ဘိုး တော်ဒါဝိဒ်မင်း၏စံနမူနာကိုယူ၍ ဘုရားသခင်၏တရားတော်ရှိသမျှကိုတိကျစွာ လိုက်နာကျင့်သုံး၏။
``သင်တို့သည်ထာဝရဘုရားထံတော်သို့သွား ၍ဤကျမ်းတွင်ပါရှိသည့်သွန်သင်ချက် အကြောင်းကို ငါ့အတွက်နှင့်ယုဒပြည်နှင့် ဣသရေလပြည်တွင်ကျန်ရှိနေသေးသော သူတို့အတွက်မေးမြန်းကြလော့။ ငါတို့ ၏ဘိုးဘေးများသည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ခဲ့ကြ။ ကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များ ကိုမလိုက်နာခဲ့ကြသဖြင့် ထာဝရဘုရားသည်ငါတို့အားအမျက်ထွက် တော်မူပြီ'' ဟုမိန့်တော်မူ၏။
မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-
``ထိုသူ၌အနိုင်အထက်လုယက်သတ်ဖြတ် တတ်၍ ဖခင်မပြုခဲ့ဘူးသည့်အမှုတို့ကို ပြုကျင့်သူသားတစ်ယောက်ရှိသည်ဆိုအံ့။ ထိုသားသည်တောင်ပေါ်ရှိကိုးကွယ်ရာဌာန များတွင်ယဇ်ပူဇော်သည့်အသားကိုစား၏။ သူတစ်ပါးအိမ်ရာကိုပြစ်မှား၏။-
သူသည်ဣသရေလအမျိုးသားတို့၏ ရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိကိုး ကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုလည်းမစား။ သူတစ်ပါးအိမ် ရာပြစ်မှားခြင်း၊-
သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။-
သို့ရာတွင်တောကန္တာရထဲမှသူတို့၏သား သမီးများအား`သင်တို့ဘိုးဘေးများစီရင် ခဲ့သည့်စည်းမျဉ်းများကိုမကျင့်သုံးကြ နှင့်။ သူတို့၏ဋ္ဌလေ့ထုံးစံများကိုမလိုက် လျှောက်ကြနှင့်။ သူတို့၏ရုပ်တုများကို ကိုးကွယ်ခြင်းအားဖြင့်ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။-
ငါသည်သူတို့ပြုသောဒုစရိုက်များကို မှတ်သားထားကြောင်းသူတို့မရိပ်မိကြ။ သူတို့၏အပြစ်များသည်သူတို့ကိုဝိုင်း ရံလျက်ရှိသည်ဖြစ်၍ ငါ့ရှေ့မှောက်တွင် ထိုအပြစ်များသည်ပေါ်လွင်ထင်ရှား လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``မိမိ တို့ကြုံတွေ့နေရသည့်အဖြစ်အပျက်ကို သင်တို့မသိမမြင်ကြသလော။-
အဘယ်ကြောင့်ဤသို့ဖြစ်ပျက်ရသည်ကို သင်တို့မသိမမြင်နိုင်ကြပါသလော။-''
ယနေ့သည်ဗိမာန်တော်အုတ်မြစ်ချမှုပြီး ဆုံးသည့်နေ့၊ နဝမလ၊ နှစ်ဆယ့်လေးရက် နေ့ဖြစ်၏။ ထိုနေ့မှစ၍ရှေ့တွင်မည်သို့ဖြစ် လာလိမ့်မည်ကိုသင်တို့ရှုမှတ်ကြလော့။ သေချာရှုမှတ်လော့။-
သင်တို့၏ဘိုးဘေးများစတင်ကူးလွန်ခဲ့သည့် အပြစ်ကိုအပြီးတိုင်အောင်ဆက်လက်ကူးလွန် ကြလော့။-
မိမိတို့ဘိုးဘေးများထံမှဆက်ခံရရှိ သောအချည်းနှီးသောဘဝမှအဘယ်သို့ အဖိုးအခပေး၍ သင်တို့အားလွတ်မြောက် စေကြောင်းကိုသင်တို့သိကြ၏။ ထိုအဖိုး အခသည်ရွှေ၊ ငွေအစရှိသည့်ဖောက်ပြန် ပျက်စီးတတ်သောအရာမဟုတ်။-