ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
ယောလ 2:9 - Common Language Bible သူတို့သည်မြို့ရှိရာသို့ပြေးကြ၏။ မြို့ရိုးများကိုကျော်၍အိမ်များပေါ်သို့တက် ပြီးလျှင် သူခိုးသဖွယ်ပြူတင်းပေါက်များမှဝင်ကြ၏။ Garrad Bible မြို့ ကို တိုက် လာ ကြ ရာ၊ မြို့ ရိုး ကို ကျော် လျက်၊ အိမ် များ ကို တက် လျက်၊ သူ ခိုး ကဲ့ သို့ ပြ တင်း ပေါက် များ ဖြင့် ဝင် ကြ သော၊ Judson Bible မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကိုကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်းပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြို့ထဲတွင် ကဆုန်ပေါက်နေကြ၏။ မြို့ရိုးပေါ်တွင် ပြေးလွှားနေကြ၏။ သူခိုးကဲ့သို့ပြတင်းပေါက်ကို ကျော်ပြီး အိမ်ပေါ်သို့တက်ကြ၏။ |
ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။
သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
အချင်းချင်းတစ်ကောင်နှင့်တစ်ကောင် အနှောင့်အယှက်လည်းမဖြစ်စေကြ။ သူတို့ခံတပ်များကိုဖြတ်၍ပျံသန်း ကြသော်လည်း၊ သူတို့အားအဘယ်သူမျှမဆီးမတားနိုင် ကြ။
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား သိုးခြံထဲသို့တံခါးပေါက် ကမဝင်ဘဲ အခြားနည်းဖြင့်ကျော်ဝင်သူ သည်သူခိုးဋ္ဌားပြဖြစ်၏။-