ယောရှုကလူအပေါင်းတို့အား``ငါအမိန့် မပေးမီမည်သူမျှမအော်ဟစ်ရ။ စကား တစ်ခွန်းမျှမပြောရ'' ဟုမှာထားပြီး ဖြစ်၏။-
တပ် သား တို့ အား ယော ရှု က၊ ငါ မိန့် ဆို သော တပ် သံ ပေး မည့် နေ့ မ တိုင် မီ ကြွေး ကြော် သံ၊ တပ် သံ၊ စ ကား သံ မ ပြု ရ။ ထို နေ့ မှ တပ် သံ ပေး ကြ လော့ ဟု မှာ ထား နှင့် လေ၏။
ယောရှုကလည်း၊ သင်တို့သည် ကြွေးကြော်စေခြင်းငှာ ငါမှာထားသောနေ့မရောက်မီတွင် မကြွေးကြော်ရ၊ အသံတစ်စုံတစ်ခုကိုမျှ မပြုရ၊ စကားတစ်ခွန်းကိုမျှ မပြောရ။ ထိုနေ့ရောက်မှ ကြွေးကြော်ရကြမည်ဟု လူများတို့အားမှာနှင့်လေပြီ။
ယောရှုက လူတို့အား “ ‘ကြွေးကြော်ကြလော့’ဟု ငါအမိန့်မပေးမချင်း သင်တို့မကြွေးကြော်ရ။ အသံမပြုရ။ နှုတ်မှ စကားတစ်ခွန်းမျှ မထွက်ရ။ ငါအမိန့်ပေးမည့်နေ့ရောက်မှ သင်တို့ကြွေးကြော်ရမည်”ဟု မှာကြား၏။
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
သူသည်အော်ဟစ်၍အသံကိုလွှင့်၍ စကားပြောဆိုလိမ့်မည်မဟုတ်။ လမ်းများပေါ်တွင်လည်းကျယ်လောင်စွာမိန့် ခွန်း စကားများကိုပြောကြားလိမ့်မည်မဟုတ်။
သို့ရာတွင်သူသည်ငြင်းခုံခြင်း၊သို့မဟုတ် ဟစ်အော်ခြင်းကိုပြုလိမ့်မည်မဟုတ်၊ လမ်းတွင်သူ၏အသံကိုအဘယ်သူမျှ ကြားရလိမ့်မည်မဟုတ်။
ငါ၏ခမည်းတော်ကတိထားတော်မူရာကို သင်တို့အပေါ်မှာငါသက်ရောက်စေမည်။ သို့ ရာတွင်သင်တို့သည်ကောင်းကင်ကတန်ခိုးကို မခံမယူရမီတိုင်အောင် ယေရုရှလင်မြို့၌ စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။
ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။-
သို့ဖြစ်၍ယောရှုသည်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်အားမြို့ကို ပထမ အကြိမ်လှည့်ပတ်စေ၏။ ထိုနောက်သူတို့သည် စခန်းသို့ပြန်လာ၍တစ်ညတာရပ်နားကြ သည်။