ကျန်ဣသရေလအမျိုးသားများ၊ ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်များသည်အခြား ယုဒမြို့ရွာတို့တွင်ကိုယ်ပိုင်မြေရာတွင်နေ ထိုင်ကြ၏။
ယောရှု 24:28 - Common Language Bible ထိုနောက်ယောရှုသည်လူအပေါင်းတို့ကို ပြန်ခွင့်ပြုသဖြင့်သူတို့သည် မိမိတို့၏ နေရပ်သို့ပြန်သွားကြလေသည်။ Garrad Bible ကိုယ် စီ ကိုယ် ငှ ရ ကြ သော ပိုင် နယ် သို့ ပြန် သွား ခွင့် ပြု လေ ၏။ Judson Bible အသီးအသီး မိမိတို့အမွေခံရာအရပ်သို့ ပြန်သွားရသောအခွင့်ကို ပေးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောရှုသည် လူတို့ကို သူတို့၏အမွေမြေအသီးသီးသို့ ပြန်စေလေ၏။ |
ကျန်ဣသရေလအမျိုးသားများ၊ ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်များသည်အခြား ယုဒမြို့ရွာတို့တွင်ကိုယ်ပိုင်မြေရာတွင်နေ ထိုင်ကြ၏။
ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။-
မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။
ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။
ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။-
ထိုနောက်ထာဝရဘုရား၏အစေခံ၊ နုန်၏ သားယောရှုသည်အသက်တစ်ရာ့တစ်ဆယ် ရှိသော်အနိစ္စရောက်လေသည်။-
ယောရှုသည်ဣသရေလအမျိုးသားတို့ အား လူတိုင်းပင်မိမိတို့ဝေစုကျရာမြေ ယာကိုသိမ်းယူရန်ထွက်သွားစေ၏။-