ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
ယောဘဝတ္တု။ 9:11 - Common Language Bible ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။ Garrad Bible အ နား မှာ သီ ကြွ တော် မူ၍ ငါ မ မြင်၊ လွန် ကြွ တော် မူ၍ လည်း၊ ငါ မ သိ။ Judson Bible ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ လျှောက်သွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။ မြန်မာ့စံမီသမ္မာကျမ်း ငါ့အနားမှ ဖြတ်သွားသည်ကို ငါမမြင်။ ငါ့ကို ကျော်သွားသော်လည်း ကိုယ်တော်ကို ငါမမှတ်မိ။ |
ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
ကိုယ်တော်ရှင်သည်ပင်လယ်ပြင်တွင် လျှောက်သွားတော်မူ၍နက်ရှိုင်းသော သမုဒ္ဒရာကို ဖြတ်ကျော်တော်မူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်၏ခြေတော်ရာများ ကိုမူ မတွေ့မမြင်နိုင်ပါ။
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။