အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယောဘဝတ္တု။ 7:19 - Common Language Bible

အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ကျွန်ုပ် တံ တွေး ကို မျို ခိုက် မျက် နှာ တော် မ လွှဲ ဘဲ၊ မည် မျှ ကြာ မ လျစ် မ လျူ နေ တော် မူ မည် နည်း။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​ကာ​လ​မှ ငါ့​ကို​မ​ကြည့်​မ​ရှု၊ မျက်​နှာ​လွှဲ​တော်​မူ​မည်​နည်း။ ငါ​သည် ကိုယ်​တံ​တွေး​ကို မျို​ရ​သည်​တိုင်​အောင်၊ အ​ဘယ်​ကာ​လ​မှ တတ်​တိုင်း ရှိ​စေ​တော်​မူ​မည်​နည်း။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မည်သည့်​အချိန်​အထိ အကျွန်ုပ်​ထံမှ မျက်နှာ​တော်​မ​လွှဲ​ဘဲ​နေ​တော်မူ​မည်နည်း​။ တံတွေး​မျိုချ​ချိန်​မှာပင် အလွတ်​မ​ပေး​ဘဲ​နေ​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။



ယောဘဝတ္တု။ 7:19
8 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။


မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။


ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။


ကျွန်​တော်​မျိုး​သေ​၍​ပျောက်​ကွယ်​မ​သွား​မီ ရွှင်​လန်း​မှု​အ​နည်း​ငယ်​ရ​ရှိ​စေ​ရန် ကျွန်​တော်​မျိုး​ထံ​မှ​မျက်​နှာ​တော်​ကို​လွှဲ​တော်​မူ​ပါ။


ကျွန်​တော်​မျိုး​သည်​ကိုယ်​စိတ်​နှစ်​ပါး​ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​စား​လျက်​ရှိ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကာ​လ​ကြာ​မှ​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​ပါ​မည်​နည်း။


သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။


ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-