သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
ယောဘဝတ္တု။ 5:26 - Common Language Bible အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။ Garrad Bible ရာ သီ အ လျောက် ကောက် လှိုင်း ပုံ တ လင်း သို့ ရောက် သည့် နည်း တူ၊ သင် လည်း ကြီး ရင့် သန် မာ လျက် ပင်၊ သင်္ချိုင်း သို့ ရောက် ရ လိမ့် မည်။ Judson Bible အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။ |
သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။
သူတို့အားအသက်ရှည်စေ၍ကယ်တင်ခြင်း ကျေးဇူးကိုခံစားစေမည်'' ဟုမိန့်တော်မူ၏။
သင်တို့၏ပြည်တွင်ကိုယ်ဝန်ပျက်သောမိန်းမ၊ မြုံသောမိန်းမဟူ၍မရှိစေရ။ သင်တို့အား အသက်ရှည်စေမည်။
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
မောရှေသည်အသက်တစ်ရာ့နှစ်ဆယ်တွင် အနိစ္စရောက်၏။ မောရှေအနိစ္စရောက်ချိန် တွင်မျက်စိမမှုန်သေး။ အင်အားလည်း မလျော့သေး။-